မြောက်ဥက္ကလာ လျှပ်စစ်မန်နေဂျာရုံး မိုင်းသုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၁ – ၂၀၂၄
SN (VOM)

မနေ့ ဇန်နဝါရီလ ၃၁ ရက်၊ ည ၈ နာရီ မိနစ် ၂၀ ဝန်းကျင်က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ လျှပ်စစ်မန်နေဂျာရုံး မိုင်းသုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။

“အဲ့ဒီ့နေရာမှာ လုံခြုံရေးတပ်တွေ တပ်စွဲထားတာ။ အသံ‌တော်တော်ကျယ်တယ်။ နောက်ဆုံးတချက် ကြားလိုက်တာက ည ၁၀ နာရီ ထိုးခါနီးလောက်မှာ။ သူတို့ဘက်က နှစ်ယောက်ထိတယ်ကြားတယ်။ ‌ဒဏ်ရာပြင်းလား မပြင်းလားတော့ မသိဘူး” လို့ ရပ်ကွက်နေ ပြည်သူတယောက်က ပြောပါတယ်။

အဲ့ဒီ့ ပေါက်ကွဲမှုဖြစ်စဉ်အပြီး နစက လုံခြုံရေးတပ်တွေက မြောက်ဥက္ကလာအဝိုင်း၊ ရွှေပေါက္ကံမီးပွိုင့်နဲ့ ကြိုးတံတားအဆင်း၊ သုနန္ဒာလမ်းမ မီးပွိုင့်မှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်၊ မနက် ၆ နာရီ ဝန်းကျင်ကလည်း အဲ့ဒီ့ လျှပ်စစ်မီတာရုံးမှာ ရုံးစောင့် လုံခြုံရေးတပ်သားတွေ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သေးပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်၊ မနက် ၁၁ နာရီဝန်းကျင်နဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ ည ၉ နာရီကျော်ဝန်းကျင်ကလည်း အဲ့ဒီ့ လျှပ်စစ်ရုံးမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

Photo: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW