ပြင်သစ် လယ်သမားဆန္ဒပြပွဲ လူ ၁၀၀ နီးပါး အဖမ်းခံရ

ပါရီ၊ ဖေဖော်ရီ-၁-၂၀၂၄
မျိုးဆက်(VOM)

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ စြဖ်ပွားနေတဲ့ လယ်သမားတွေရဲ့ ဆန္ဒပြမှုတွေကြောင့် တင်းမာမှုတွေ မြင့်တက်နေစဉ်တွင် ပါရီမြို့ပြင်ရှိ စားသောက်ကုန်ဈေးတခုမှာ ဆန္ဒပြမှုတွေကြောင့် လယ်သမား ၁၀၀ နီးပါး အဖမ်းခံခဲ့ရပါတယ်။

လူ ၁၂ သန်းအတွက် စားသောက်ကုန်ဖြန့်ဖြူးတဲ့ အချက်အခြာနေရာဖြစ်တဲ့ ရမ်ဂစ်မှာ လယ်သမားတွေရဲ့ ပိတ်ဆို့ဆန္ဒြ့ပမှုတွေဟာ လက်ခံနိုင်ဖွယ်မရှိကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး လယ်သမား ၉၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ လယ်သမားတွေဟာ ပိုမိုကောင်းမွန်တဲ့ လယ်ယာထွက်ကုန်ရောင်းဝယ်မှုအခြေအနေ၊ ကြိုးနီးစနစ်လျှော့ချဖို့တွေကို တောင်းဆိုနေကြပြီး စူပါမားကတ်တွေကို စားသောက်ကုန်တွေ ပို့ဆောင်တာကို ရပ်တန့်နိုင်ဖို့ ပိတ်ဆို့ ကြိုးပမ်းနေကြပါတယ်။

ပါရီမြို့တောင်ဘက်စွန်းတွင်ရိ ရမ်ဂစ်ဟာ ပါရီမြို့ရဲ့ဝမ်းစာနေရာလို့ လူသိများပြီး နေ့စဉ်စားသုံး လတ်ဆတ်တဲ့ငါးတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေကို ဖြန့်ဖြူးပေးနေပြီး ကမ္ဘာ့ပေါ်မှာ ဒုတိယမြောက် စားသောက်ကုန်ဈေးကြီးဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ဈေးရဲ့သိုလှောင်ရာနေရာတခုကို သွားရောက်ခဲ့ပြီး ရဲတပ်ဖွဲ့ မလာရောက်မီ ပျက်စီးမှုအချို့ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ရမ်ဂစ်ရှိဈေးကို ပိတ်ဆို့ဖို့ကြိုးပမ်းသူ ၁၈ ဦးကို ယာဉ်ကြောပိတ်ဆို့မှု ဥပဒေနဲ့ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref:BBC
photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW