ပါပူအာနယူးဂီနီမှာ လူမျိုးစုအငြင်းပွားမှုကြောင့် လူ ၅၀ ကျော် ပစ်သတ်ခံရ

 

ပို့မိုရက်ဘီ၊ ဖေဖော်ဝါရီ-၁၉-၂၀၂၄

မျိုးဆက်(VOM)

ပါပူအာနယူးရီနီနိုင်ငံ ဝေးလံခေါင်သီတဲ့ ဒေသတခုမှာ ဖြစ်ပွားခဲ့တဲ့ ခြုံခိုတိုက်ခိုက်မှုအတွင်း လူ ၅၃ ယောက်ထက်မနည်း သေဆုံးသွားကြော်င်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဖြစ်စဉ်ဟာ အန်ဂါပြည်ယန်မှာ သီတင်းပတ်ကုန်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး လူမျိုးစုအငြင်းပွားမှု တခုအတွင်း သေဆုံးသူတွေဟာ ပစ်သတ်ခံရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီဒေသဟာ အကြမ်းဖက်မှုတွေနဲ့ ကာလရှည်ကြာ ရုန်းကန်နေရတာဖြစ်ပြီး ယခုသတ်ဖြတ်မှုဟာ နှစ်များစွာအတွင်း အဆိုးရွားဆုံးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြို့တော် ပို့မိုရက်ဘီအနောက်မြောက်ဘက် ကီလိုမီတာ ၆၀၀ အကွာ ဝီဘတ်မြို့အနီးမှာ ရဲတပ်ဖွဲ့က အလောင်းတွေကို ဆက်လက်ရှာဖွေနေပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

အန်ဂါပြည်နယ်မှာ မြေယာနဲ့ ပိုင်ဆိုင်မှု အငြင်းပွားမှုတွေကြောင့် မကြာခဏဆိုသလို လူမျိုးစုပဋပက္ခတွေ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ဇူလိုင်လအတွင်းကလည်း ပြည်နယ်တွင်းမှာ ခရီးသွားကန့်သတ်မှုနဲ့ ညမထွက်ရအမိန့်ကို သုံးလကြာ ထုတ်ပြန်ခဲ့ရပါတယ်။

Ref:BBC

Photo:Getty Images

 

Related posts

VOM News

FREE
VIEW