ဘူဒါပက်၊ ဖေဖော်ဝါရီ-၂၇-၂၀၂၄
မျိုးဆက်(VOM)
နေတိုးအဖွဲ့ထဲကို ဆွီဒင်နိုင်ငံ ဝင်ရောက်ရေးနဲ့ပတ်သက်ပြီး ဟန်ဂေရီပါလီမန်က မဲခွဲဆုံးဖြတ်ပြီး ခွင့်ပြုလိုက်တာကြောင့် ဆွီဒင်အနေနဲ့ မဟာမိတ်အဖွဲ့ထဲကို ဝင်ရောက်ဖို့ နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်နိုင်ပြီဖြစ်ပါတယ်။
ယူကရိန်းကို ရုရှားက အပြည့်အ၀ကျူးကျော်တိုက်ခိုက်ပြီးနောက် ဆွီဒင်ဟာ နေတိုးအဖွဲ့ထဲကို ဝင်ရောက်ရေးနဲ့ကို ၂၀၂၂ ခုနှစ်မှာ လျှောက်ထားခဲ့တာဖြစ်ပါတယ်။
အသစ်ဝင်ရောက်မယ့် အဖွဲ့ဝင်နိုင်ငံသစ်ကို နေတိုးအဖွဲ့ဝင်တိုင်းက ထောက်ခံရမှာဖြစ်ပြီး ဆွီဒင်ဟာ ဟန်ဂေရီကို ရန်လိုတယ်ဆိုကာ ကန့်ကွက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ လျှောက်ထားမှုဟာ ဆွီဒင်အနေနဲ့ နှစ်ပေါင်း ၂၀၀ ကျော် ကြားနေဝါဒကျင့်သုံးမှုကို စွန့်လွှတ်လိုက်တဲ့ သမိုင်းဝင်နေ့ဖြစ်ပြီး ကြီးမားတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ ဆွီဒင်ဝန်ကြီးချုပ် ခရစ်တာဆန်က ပြောပါတယ်။
လက်ရှိဟန်ဂေရီ၏ ခွင့်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် မဟာမိတ်အဖွဲ့ ပိုမိုအားကောင်းခိုင်ခံ့ပြီး ဘေးကင်းလုံခြုံစေကြောင်း နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ဂ်က ပြောပါတယ်။
Ref:BBC
Photo:Reuters