ချောက်မြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး လင်မယား အပစ်ခံရလို့ အုပ်ချုပ်ရေးမှူး သေဆုံး

ဖေဖော်ဝါရီ ၊ ၂၇ ၊ ၂၀၂၄ SP (VOM) မကွေးတိုင်း ၊ ချောက်မြို့ ၊ အမှတ် ၁၄ ရပ်ကွက် ၊ ရတနာ (၂) စားသောက်ဆိုင်ထဲမှာ မနေ့ ဖေဖော်ဝါရီ ၂၆ ရက် ၊ ည ၈ နာရီဝန်းကျင်က ရပ်ကွက်အုပ်ချုပ်ရေးမှူး လင်မယား နှစ်ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ချောက်မြို့နေ ဒေသခံတယောက်က “” မနေ့ညက ၈ နာရီဝန်းကျင်မှာ အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဝင်း ၄၂ နှစ်ဆိုသူက သူ့မိန်းမ မသားသားနဲ့အတူ ရတနာ ၂ စားသောက်ဆိုင်ထဲမှာ ထိုင်နေတဲ့အချိန် ၊ အနော်ရထာ တံတားချဉ်းကပ်လမ်းအတိုင်း ဆိုင်ကယ်စီးလာတဲ့ အမည်မသိ (စုံစမ်းဆဲ)…

Read More

ဒိုက်ဦးက ပျောက်ဆုံးနေတဲ့ သုံးနှစ်အရွယ် ကလေးငယ်ကို ဒီမနက်ပိုင်းမှာ သေဆုံးလျက် ပြန်တွေ့

  ဖေဖော်ဝါရီ ၂၇ – ၂၀၂၄ SN (VOM) ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအနောက်ပိုင်းက သုံးရက်ကြာ ပျောက်ဆုံးနေတဲ့ သုံးနှစ်နဲ့ နှစ်လအရွယ် ကလေးငယ် မောင်ဇွဲမာန်သစ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ မနက် ၈ နာရီဝန်းကျင်မှာ အိမ်နဲ့ မနီးမဝေးဆီက ချောင်းရိုးတခုမှာ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။ ကလေးငယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်က နေအိမ်ခြံဝင်းအတွင်း ရှိနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ပြန်တွေ့တာတော့ ရှမ်းစုကနေ လယ်နှစ်ကွက်ကျော်ပေါ့။ သူတို့အိမ်နဲ့ နည်းနည်းတော့လှမ်းတယ်။ အဲ့ဘက်မှာဆိုရင် ရန်ကုန်-မန္တလေး ကားလမ်းမကြီးရှိတယ်။ လမ်းမအဟောင်းပါ။ အဲ့ဒီ့ ကားလမ်းကို ကျော်သွားရင် အဲ့မှာ အရင်တုန်းက လွမ်းစေတီ ဆိုတာရှိတယ်။ အောင်ဆန်းသူရိယလှသောင်း…

Read More

ရွှေဘိုမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွား

  ဖေဖော်ဝါရီ ၊ ၂၇ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီရက်ပိုင်းအတွင်း ရွှေဘိုနယ်မှာ သတ်ဖြတ်ခံရတာတွေနဲ့ ပတ်သက်ပြီး ဒေသခံ ပရဟိတသမားတယောက်က ” ဒီရက်ပိုင်းအတွင်း ရွှေဘိုနယ်မှာ သတ်ဖြတ်ခံရတာတွေ အရင်ကထက်စာရင် ပိုပြီးတော့ အဖြစ်များလာတယ် ၊ ဖေဖော်ဝါရီ ၁၈ ရက်က ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ မစိုးရိမ် ( အနောက်)ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ ဆရာတော် ဥူးဝိလာသ သက်တော် ၅၅ နှစ် ၊ ဝါတော် ၃၁ ဝါ ဆိုတဲ့ ဘုန်းကြီးတပါးနဲ့ အသတ်ခံရတယ်။ ဘုန်းကြီးရဲ့…

Read More

ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးငယ်တွေသေဆုံးမှု လူ၂၃ ယောက်ကို ဥဇဘတ်ကစ္စတန် တရားရုံး ထောင်ချ

တက်ရှ်ကန့်၊ ဖေဖော်ဝါရီ-၂၇-၂၀၂၄ မျိုးဆက်(VOM) ဥဇဘတ်ကစ္စတန်နိုင်ငံမှာ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးငယ် ၆၈ ယောက် သေဆုံးမှုနဲ့ ပတ်သက်၍ လူ ၂၃ ယောက်ကို တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။ တရားခံတွေဟာ အခွန်ရှောင်မှု၊ ဆေးဝါးအတုထုတ်လုပ်ရောင်းချမှု ၊ အလွဲသုံးစားပြုမှု ၊ လာဘ်ပေးလာဘ်ယူအပါအဝင် စွဲချက်တွေနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်းတရားရုံးကဆုံးဖြတ်ခဲ့ကာ ထောင်ဒဏ် နှစ်နှစ်ကနေ နှစ် ၂၀ ထိချမှတ်ခံခဲ့ရပါတယ်။ ချောင်းဆိုးပျောက်ဆေးရည်တွေက ိုအိန္ဒိယနိုင်ငံမာရီယွန်ကုမ္ပဏီက ထုတ်လုပ်ပြီး ဥဇဘတ်ကစ္စတန် ကွာရာမက်စ် ဆေးကုမ္ပဏီက တင်သွင်းဖြန့်ဖြူးခဲ့တာဖြစ်ကာ ဒီကုမ္ပဏီရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ ဘေးအန္တရာယ်ဖြစ်စေတဲ့ အန္တရာယ်ရှိ ဆေးဝါးတွေကို တင်သွင်းခဲ့ပြုခဲ့တဲ့ ဥဇဘတ်ကစ္စတန် ထိပ်တန်းတာဝန်ရှိသူတွေကိုလည်း နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ဥဇဘတ်ကစ္စတန်မှာ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးငယ်တွေသေဆုံးမှုပြီးနောက် အိန္ဒိယနိုင်ငံမာရီယွန်ကုမ္ပဏီထုတ် ချောင်းဆိုးပျောက်ဆေးရည် နှစ်မျိုးကိုစံချိန်မမှီကြောင်းပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။ Ref:BBC…

Read More

ချင်း ၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ် အစပ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်လာလို့ လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာ

ဖေဖော်ဝါရီ ၊ ၂၇ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ် အစပ်တွေမှာ ဒီရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိုမိုခက်ခဲလာနေပြီး ကားသမားတွေဟာ ရှေ့ဆက်မသွားရဲလို့ လမ်းပိုင်းတချို့မှာ ယာယီတိုက်ပွဲခိုလှုံနေရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကားသမားတယောက်က ” ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပိုင်းပေါ်မှာ လေးငါးနေရာလောက် လမ်းပိုင်းဖြတ်တောက်ထားတယ် ၊ နောက်ပြီး မန္တလေး – ဗန်းမော် ကားလမ်း သပိတ်ကျင်းနယ် တကောင်းကနေ မဘိမ်းမြို့နယ် ငါးအိုးဘက်အထိ လမ်းပိုင်းပိတ်ထားတယ် ၊ အဲ့ဒီ အပြင် ထီးချိုင့် – အင်းတော်လမ်းပိုင်းလည်း ပိတ်ထားတယ်၊ အင်းတော် – မိုးညှင်း လမ်းပိုင်းက မော်လူးမြို့နယ်ခွဲက ပိတ်ထားတယ် ၊ ဒါ့အပြင် ကျောက်တန်း –…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၂၇ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၆၀ ကျပ် ဝယ်ဈေး – ၃၆၁၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၆၀ ကျပ် ဝယ်ဈေး – ၂၆၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၉၀၄ ကျပ် ဝယ်ဈေး – ၃၈၂၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၅၂ ကျပ် ဝယ်ဈေး – ၉၉.၅၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၇၁ ကျပ် ဝယ်ဈေး – ၇၆၁ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၀၀ ကျပ် ဝယ်ဈေး – ၄၉၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ကလေး တက္ကသိုလ်က ဆရာ ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ ဖမ်းခံရ၊ တချို့ ပြန်လွတ်

ဖေဖော်ဝါရီ ၊ ၂၇ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အစပ်မှာရှိတဲ့ ကလေးမြို့ ၊ ကလေး တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ၊ ဆရာမ ပညာရေးဝန်ထမ်းတွေကို မနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၇ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ကျောင်းသားမိဘတယောက်က ” မနေ့ မနက်ပိုင်းက ကလေး တက္ကသိုလ်ရဲ့ တောင်ဘက်ခြမ်းကနေ PDF တွေ ကျောင်းထဲကိုဝင်ရောက်လာတယ် ၊ အဲ့ဒီနောက် ရူပဗေဒနဲ့ သတ္တဗေဒ စာသင်ဆောင်တွေကို ဝင်ရောက်လာတယ် ၊ နောက်ပြီး ဇလပ်နီ အဆောင်ဘက်က ကျောင်းသားတွေနဲ့…

Read More

နေတိုးအဖွဲ့ထဲ ဆွီဒင်နိုင်ငံ ဝင်ရောက်ခွင့်ရပြီ

ဘူဒါပက်၊ ဖေဖော်ဝါရီ-၂၇-၂၀၂၄ မျိုးဆက်(VOM) နေတိုးအဖွဲ့ထဲကို ဆွီဒင်နိုင်ငံ ဝင်ရောက်ရေးနဲ့ပတ်သက်ပြီး ဟန်ဂေရီပါလီမန်က မဲခွဲဆုံးဖြတ်ပြီး ခွင့်ပြုလိုက်တာကြောင့် ဆွီဒင်အနေနဲ့ မဟာမိတ်အဖွဲ့ထဲကို ဝင်ရောက်ဖို့ နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်နိုင်ပြီဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားက အပြည့်အ၀ကျူးကျော်တိုက်ခိုက်ပြီးနောက် ဆွီဒင်ဟာ နေတိုးအဖွဲ့ထဲကို ဝင်ရောက်ရေးနဲ့ကို ၂၀၂၂ ခုနှစ်မှာ လျှောက်ထားခဲ့တာဖြစ်ပါတယ်။ အသစ်ဝင်ရောက်မယ့် အဖွဲ့ဝင်နိုင်ငံသစ်ကို နေတိုးအဖွဲ့ဝင်တိုင်းက ထောက်ခံရမှာဖြစ်ပြီး ဆွီဒင်ဟာ ဟန်ဂေရီကို ရန်လိုတယ်ဆိုကာ ကန့်ကွက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ လျှောက်ထားမှုဟာ ဆွီဒင်အနေနဲ့ နှစ်ပေါင်း ၂၀၀ ကျော် ကြားနေဝါဒကျင့်သုံးမှုကို စွန့်လွှတ်လိုက်တဲ့ သမိုင်းဝင်နေ့ဖြစ်ပြီး ကြီးမားတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ ဆွီဒင်ဝန်ကြီးချုပ် ခရစ်တာဆန်က ပြောပါတယ်။ လက်ရှိဟန်ဂေရီ၏ ခွင့်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် မဟာမိတ်အဖွဲ့ ပိုမိုအားကောင်းခိုင်ခံ့ပြီး ဘေးကင်းလုံခြုံစေကြောင်း နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ဂ်က ပြောပါတယ်။ Ref:BBC Photo:Reuters

Read More

This Day in History

  Voice of Myanmar အမေရိကန် သမ္မတစ်ယောက်အနေဖြင့် သမ္မတတာဝန်ထမ်းဆောင်ခွင့်ကို သက်တမ်းနှစ်ကြိမ်သာ ကန့်သတ်လိုက်သည့် အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၂ ခုမြောက် ပြင်ဆင်ချက်ကို ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် အတည်ပြုခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #February27

Read More
VOM News

FREE
VIEW