ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးငယ်တွေသေဆုံးမှု လူ၂၃ ယောက်ကို ဥဇဘတ်ကစ္စတန် တရားရုံး ထောင်ချ

တက်ရှ်ကန့်၊ ဖေဖော်ဝါရီ-၂၇-၂၀၂၄
မျိုးဆက်(VOM)

ဥဇဘတ်ကစ္စတန်နိုင်ငံမှာ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးငယ် ၆၈ ယောက် သေဆုံးမှုနဲ့ ပတ်သက်၍ လူ ၂၃ ယောက်ကို တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

တရားခံတွေဟာ အခွန်ရှောင်မှု၊ ဆေးဝါးအတုထုတ်လုပ်ရောင်းချမှု ၊ အလွဲသုံးစားပြုမှု ၊ လာဘ်ပေးလာဘ်ယူအပါအဝင် စွဲချက်တွေနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်းတရားရုံးကဆုံးဖြတ်ခဲ့ကာ ထောင်ဒဏ် နှစ်နှစ်ကနေ နှစ် ၂၀ ထိချမှတ်ခံခဲ့ရပါတယ်။

ချောင်းဆိုးပျောက်ဆေးရည်တွေက ိုအိန္ဒိယနိုင်ငံမာရီယွန်ကုမ္ပဏီက ထုတ်လုပ်ပြီး ဥဇဘတ်ကစ္စတန် ကွာရာမက်စ် ဆေးကုမ္ပဏီက တင်သွင်းဖြန့်ဖြူးခဲ့တာဖြစ်ကာ ဒီကုမ္ပဏီရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

ဘေးအန္တရာယ်ဖြစ်စေတဲ့ အန္တရာယ်ရှိ ဆေးဝါးတွေကို တင်သွင်းခဲ့ပြုခဲ့တဲ့ ဥဇဘတ်ကစ္စတန် ထိပ်တန်းတာဝန်ရှိသူတွေကိုလည်း နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ဥဇဘတ်ကစ္စတန်မှာ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးငယ်တွေသေဆုံးမှုပြီးနောက် အိန္ဒိယနိုင်ငံမာရီယွန်ကုမ္ပဏီထုတ် ချောင်းဆိုးပျောက်ဆေးရည် နှစ်မျိုးကိုစံချိန်မမှီကြောင်းပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW