တဲလ်အဗစ်၊ ဧပြီ-၂၂-၂၀၂၄
မျိုးဆက်(VOM)
အစ္စရေးစစ်တပ် ထောက်လှမ်းရေးအကြီးအကဲဟာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ အစ္စရေးကို တိုက်ခိုက်မှုကြိုမသိခဲ့တဲ့အတွက် ရာထူးကနေနှုတ်ထွက်သွားပါတယ်။
စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး အဟာရွန်ဟာလီဗီးယားဟာ သူ့နေရာကို ဆက်ခံမယ့်သူရွေးပြီးတာနဲ့ ချက်ချင်းအနားယူမှာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။
သူ့ရဲ့ နှုတ်ထွက်လွှာမှာတော့ သူဟာအပ်နှင်းထားတဲ့ တာဝန်တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဆိုပါတယ်။ ဒါဟာ အစ္စရေးသမိုင်းတလျှောက်မှာ အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် ရာထူးကနေနှုတ်ထွက်ခဲ့တဲ့ ပထမဆုံးသော ထိပ်တန်းပုဂ္ဂိုလ််ဖြစ်ပါတယ်။
ရာနဲ့ချီတဲ့ ဟားမတ်စ်သေနတ်သမားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ဂါဇာနယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ပြီး အနီးနားရှိ အစ္စရေးအသိုင်းအဝိုင်း၊ စစ်အခြေစိုက်စခန်းတွေနဲ့ ဂီတပွဲတော်တွေကို တိုက်ခိုက်ခြင်းမပြုမီ တိုက်ခိုက်နိုင်ခြေနဲ့ပတ်သက်တဲ့ သတိပေးမှုတွေကို အစ္စရေးစစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့က ပယ်ချ၊ လျစ်လျူရှုခဲ့ကြပါတယ်။
ဟားမတ်စ်တို့ရဲ့ အဲဒီတိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူတွေအများစုနဲ့ ပြည်ပနိုင်ငံသား ၁၂၀၀ သေဆုံးခဲ့ပြီး လူ ၂၅၃ ယောက်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဟားမတ်စ်တွေကို အပြီးတိုင်ချေမှုန်းဖို့နဲ့ ကျန်ရှိနေသေးတဲ့ ဓါးစာခံတွေကို ပြန်လည်လွတ်မြောက်ဖို့အတွက် အစ္စရေးဟာ ဂါဇာကို ထိုးစစ်ဆင်ပြီး အပြင်းထန်ဆုံး စစ်ပွဲစတင်ခဲ့ပါတယ်။
Ref:BBC
Photo:IDF
Related posts
-
This Day in History
Voice of Myanmarခရစ်စမတ်ကာလတွင် ကိုရီးယားကျွန်းဆွယ်စစ်ပွဲ အဆုံးသတ်ရန် ရည်ရွယ်၍ ကုလသမဂ္ဂတပ်များသည် မြောက်ကိုရီးယားတပ်များအပေါ် အဓိကထိုးစစ်တရပ်ကို... -
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အထူးသံတမန်တယောက် ဒေါ်နယ်ထရန့် ခန့်အပ်ဖွယ်ရှိ
ဝါရှင်တန်၊ နိုဝင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာကို အဆုံးသတ်ရေးအတွက် အထူးသံတမန်တယောက်ခန့်အပ်ဖို့ကို ဒေါ်နယ်ထရန့်က စဉ်းစားနေတယ်လို့ ရိုက်တာသတင်းဌာနက... -
ဂျပန်မှာ လက်မထပ်ရသေးသူ ၇၀ ရာခှိုင်နှုန်းနီးပါး ကြင်ဖက် မရှာတတ်ဖြစ်နေ
တိုကျို၊ နိုဝင်ဘာ-၂၄-၂၀၂၄ရတီ (VOM)ဂျပန်နိုင်ငံမှာ လက်မထပ်ရသေးသူတွေရဲ့ ၇၀ ရာခို်ငနှုန်းနီးပါးဟာ အိမ်ထောင်ဖက်ရှာဖွေတာကို ဘယ်လိုလုပ်ရမယ်ဆိုတာ မသိကြကြောင်း...