တဲလ်အဗစ်၊ ဧပြီ-၂၂-၂၀၂၄
မျိုးဆက်(VOM)
အစ္စရေးစစ်တပ် ထောက်လှမ်းရေးအကြီးအကဲဟာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ အစ္စရေးကို တိုက်ခိုက်မှုကြိုမသိခဲ့တဲ့အတွက် ရာထူးကနေနှုတ်ထွက်သွားပါတယ်။
စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး အဟာရွန်ဟာလီဗီးယားဟာ သူ့နေရာကို ဆက်ခံမယ့်သူရွေးပြီးတာနဲ့ ချက်ချင်းအနားယူမှာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။
သူ့ရဲ့ နှုတ်ထွက်လွှာမှာတော့ သူဟာအပ်နှင်းထားတဲ့ တာဝန်တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဆိုပါတယ်။ ဒါဟာ အစ္စရေးသမိုင်းတလျှောက်မှာ အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် ရာထူးကနေနှုတ်ထွက်ခဲ့တဲ့ ပထမဆုံးသော ထိပ်တန်းပုဂ္ဂိုလ််ဖြစ်ပါတယ်။
ရာနဲ့ချီတဲ့ ဟားမတ်စ်သေနတ်သမားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ဂါဇာနယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ပြီး အနီးနားရှိ အစ္စရေးအသိုင်းအဝိုင်း၊ စစ်အခြေစိုက်စခန်းတွေနဲ့ ဂီတပွဲတော်တွေကို တိုက်ခိုက်ခြင်းမပြုမီ တိုက်ခိုက်နိုင်ခြေနဲ့ပတ်သက်တဲ့ သတိပေးမှုတွေကို အစ္စရေးစစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့က ပယ်ချ၊ လျစ်လျူရှုခဲ့ကြပါတယ်။
ဟားမတ်စ်တို့ရဲ့ အဲဒီတိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူတွေအများစုနဲ့ ပြည်ပနိုင်ငံသား ၁၂၀၀ သေဆုံးခဲ့ပြီး လူ ၂၅၃ ယောက်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဟားမတ်စ်တွေကို အပြီးတိုင်ချေမှုန်းဖို့နဲ့ ကျန်ရှိနေသေးတဲ့ ဓါးစာခံတွေကို ပြန်လည်လွတ်မြောက်ဖို့အတွက် အစ္စရေးဟာ ဂါဇာကို ထိုးစစ်ဆင်ပြီး အပြင်းထန်ဆုံး စစ်ပွဲစတင်ခဲ့ပါတယ်။
Ref:BBC
Photo:IDF
Related posts
-
ပူတင်ရဲ့ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲ အမေရိကန်နဲ့ ဥရောပနိုင်ငံအများစု မတက်ရောက်ဘဲ သပိတ်မှောက်မယ်
ဝါရှင်တန်၊ မေ-၇-၂၀၂၄မျိုးဆက်(VOM)ဒီနေ့မှာ ကျင်းပမယ့် ရုရှားသမ္မတပူတင်ရဲ့ သမ္မတသက်တမ်း ခြောက်ကြိမ်မြောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို အမေရိကန်နဲ့ ဥရောပနိုင်ငံအများစုက... -
ဖားဆောင်းနဲ့ မိုးဗြဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး လွိုင်ကော်နဲ့ ဖယ်ခုံတို့မှာလည်း တိုက်ပွဲတချို့ ဖြစ်ပွားနေ
မေ ၇ – ၂၀၂၄SN (VOM)ကရင်နီပြည်နယ် ဖားဆောင်းနဲ့ မိုးဗြဲမြို့တို့မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး... -
တောင်အာဖရိကမှာ ဆောက်လုပ်ဆဲ ငါးထပ်တိုက်ပြိုကျမှု နှစ်ယောက်သေပြီး ဒါဇင်များစွာ ပိတ်မိနေ
ကိပ်တောင်း၊ မေ-၇-၂၀၂၄ မျိုးဆက်(VOM) တောင်အာဖရိကနိုင်ငံမှာ ဆောက်လုပ်ဆဲ ငါးထပ်တိုက်ပြိုကျမှုကြောင့် လူနှစ်ယောက် သေဆုံးပြီး ဒါဇင်များစွာ...