ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကို ကြိုမသိခဲ့လို့ အစ္စရေး စစ်ထောက်လှမ်းရေးအကြီးအကဲ ရာထူးကနေ နှုတ်ထွက်ပြီ

တဲလ်အဗစ်၊ ဧပြီ-၂၂-၂၀၂၄မျိုးဆက်(VOM)အစ္စရေးစစ်တပ် ထောက်လှမ်းရေးအကြီးအကဲဟာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့ အစ္စရေးကို တိုက်ခိုက်မှုကြိုမသိခဲ့တဲ့အတွက် ရာထူးကနေနှုတ်ထွက်သွားပါတယ်။စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး အဟာရွန်ဟာလီဗီးယားဟာ သူ့နေရာကို ဆက်ခံမယ့်သူရွေးပြီးတာနဲ့ ချက်ချင်းအနားယူမှာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။သူ့ရဲ့ နှုတ်ထွက်လွှာမှာတော့ သူဟာအပ်နှင်းထားတဲ့ တာဝန်တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဆိုပါတယ်။ ဒါဟာ အစ္စရေးသမိုင်းတလျှောက်မှာ အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် ရာထူးကနေနှုတ်ထွက်ခဲ့တဲ့ ပထမဆုံးသော ထိပ်တန်းပုဂ္ဂိုလ််ဖြစ်ပါတယ်။ရာနဲ့ချီတဲ့ ဟားမတ်စ်သေနတ်သမားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ဂါဇာနယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ပြီး အနီးနားရှိ အစ္စရေးအသိုင်းအဝိုင်း၊ စစ်အခြေစိုက်စခန်းတွေနဲ့ ဂီတပွဲတော်တွေကို တိုက်ခိုက်ခြင်းမပြုမီ တိုက်ခိုက်နိုင်ခြေနဲ့ပတ်သက်တဲ့ သတိပေးမှုတွေကို အစ္စရေးစစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့က ပယ်ချ၊ လျစ်လျူရှုခဲ့ကြပါတယ်။ဟားမတ်စ်တို့ရဲ့ အဲဒီတိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူတွေအများစုနဲ့ ပြည်ပနိုင်ငံသား ၁၂၀၀ သေဆုံးခဲ့ပြီး လူ ၂၅၃ ယောက်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဟားမတ်စ်တွေကို အပြီးတိုင်ချေမှုန်းဖို့နဲ့…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၂ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၆၁ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၇၆၀၀၀၀ ကျပ်ဝယ်ဈေး ၄၇၂၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၅၆၀၀၀၀ ကျပ်ဝယ်ဈေး ၄၅၂၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အမေရိကန်မှာ TikTok ကိုပိတ်ပင်ဖို့ ပိုမိုနီးစပ်လာ

ဝါရှင်တန်၊ ဧပြီ-၂၂-၂၀၂၄မျိုးဆက်(VOM)အမေရိကန်မှာ TikTok အက်ပလီကေးရှင်းကို ပိတ်ပင်တားမြစ်ဖို့လုပ်နေတာဟာ အမေရိကန်ပြည်သူ သန်း ၁၇၀ ကျော်ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို နင်းချေလိုက်တာဖြစ်ကြောင်း TikTok က ဝေဖန်ပြောဆိုလိုက်ပါတယ်။TikToK ဟာတရုတ်အစိုးရနဲ့ ဆက်နွယ်မှုများကို မဖြတ်ပါက့အက်ပလီကေးရှင်းကို ပိတ်ပင်သွားဖို့ အမေရိကန်အောက်လွှတ်တော်က ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်တွင် အတည်ပြုခဲ့တာကြောင့် ပိတ်ပင်ခံရမယ့်အရေးဟာ မိုပိုသက်ဝင်နီးစပ်လာပြီဖြစ်ပါတယ်။ဥပဒေကြမ်းဟာ ယူကရိန်းအတွက် အကူအညီများပါဝင်တဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ တစိတ်တစ်ပိုင်းဖြစ်ပြီး လာမယ့် သီတင်းပတ်အစောပိုင်းမှာ ဥပဒေဖြစ်လာနိုင်ပါတယ်။မကြာသေးမီကာလအတွင် အမေရိကန်တာဝန်ရှိသူတွေဟာ လူငယ်များအကြား TikToK ရေပန်းစားလာမှုကို သတိပေးမှုများ ပြုလုပ်ခဲ့ပါတယ်။ TikTokဟာ တရုတ်အစိုးရလက်အောက်ခံဖြစ်ကြောင်း စွပ်စွဲချက်တွေ ကို မိခင်ကုမ္ပဏီဖြစ်တဲ့ ဘိုက်ဒန့်စ်က ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။အထက်လွှတ်တော်ဟာ လာမယ့် သီတင်းပတ်မှာ ဒီကိစ္စကို မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး ဥပဒေဖြစ်လာပါက ဘိုက်ဒန့်ကုမ္ပဏဟာ သူ့ရှယ်ယာတွေကို ရောင်းချဖို့ အချိန်ကိုးလရရှိမှာဖြစ်ပြီး မရောင်းဘူးဆိုရင်တော့ အမေရိကန်မှာ ပိတ်ပင်ခံရတော့မှာဖြစ်ပါတယ်။Ref:BBCPhoto:Getty Images

Read More

ဂွမ်ဒေါင်းပြည်နယ်မှာ ရေကြီးရေလျှံမှု လူခြောက်သောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

ပေကျင်း၊ ဧပြီ-၂၂-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ ဂွမ်ဒေါင်းပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူခြောက်သောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေထားရပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၁ ယောက်ပျောက်ဆုံးနေပြီး လက်ရှိချိန်ထိ ထိခိုက်သေဆုံးမှု မရှိသေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ရေဘေးကြောင့် ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေက အသက်ကယ်လှေတွေနဲ့ ကယ်ထုတ်နေပါတယ်။ ပြည်နယ်မြို့တော်ကွမ်ကျိုးအပြင် မြို့ငယ်များဖြစ်တဲ့ ရှောင်အန်နဲ့ ဟီယန်တို့ဟာ ရေကြီးရေလျှံ အဆိုးရွားဆုံးခံရတဲ့ မြို့တွေမှာ ပါဝင်နေပါတယ်။ရေကြီးရေလျှံမှုတွေကြောင့် ဂွမ်ဒေါင်းပြည်နယ် လူဦးရေ ၁၂၇ သန်းအနက် ၁ ဒသမ ၁၆ သန်းဟာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ပြည်နယ်တွင်းအရှိ အဓိကမြစ်တွေဟာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေပြီး ကမ်းပါးပြိုပြီး ရေကြီးမှုဖြစ်နိုင်ခြေကို အာဏာပိုင်တွေက အနီးကပ်စောင့်ကြည့်နေပါတယ်။ ဂွမ်ဒေါင်းပြည်နယ်မြောက်ပိုင်းရှိ မြစ်တစင်းဟာ ဒီနေ့မှာတော့ နှစ် ၁၀၀ မှာတကြိမ်ဖြစ်ပေါ်တဲ့ ရေကြီးရေလျှံဖြစ်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ဂွမ်ဒေါင်းပြည်နယ်…

Read More

မန္တလေး ကုန်စည်ဒိုင် ၂၂ – ၄-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး-၂၂- ၄-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုး စျေးနှုန်းဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 150000/ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 150000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 150000/ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 150000ဂျုံ (ကလေး) – ၆၀ ပိဿာ – 120000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 125000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁ ပိဿာ – 1300/ကုလားပဲလုံး စျေးနှုန်းV2 – ၅၇.၂၅…

Read More

တရုတ် နယ်စပ်ဘက် စာအုပ်အနီ သက်တမ်းကုန်နေသူတွေ ၊တပတ်ကဒ်နဲ့ နေထိုင်သူတွေ နေ့စဉ်အဖမ်းခံနေရ

ဧပြီ ၂၂၊ ၂၀၂၄ Shy V ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်နဲ့ ထိစပ်နေတဲ့ တရုတ် နယ်စပ်ဘက် စာအုပ်အနီ သက်တမ်းကုန်နေသူတွေ၊ တပတ်ကဒ် နဲ့ နေထိုင် နေသူတွေ နေ့တိုင်း အဖမ်းခံရနေရလို့ အခက်ကြုံနေကြရတယ်လို့ မြန်မာ လုပ်ငန်းရှင်တွေနဲ့ မြန်မာလုပ်သားတွေဆီက သိရပါတယ်။ “အခု အရမ်းဖမ်း‌နေတယ် တရုတ်ဘက်။ တချို့ ရွှေလီထဲ လုပ်ငန်းရှိတဲ့ သူတွေက ဆိုင်တွေရှိနေတော့ ချက်ချင်း ပြန်ဖို့ အဆင်မပြေဘူး။ နှစ်ကြာ နေထိုင်ပြီး ကိုယ်ပိုင် အလုပ်လုပ်နေတဲ့ သူတွေကို တစ်နှစ်လောက် အချိန်ပေးဖို့တော့ ဝိုင်းပြောနေတယ်။ ကျွန်မတို့တောင် စာအုပ်အနီ သက်တမ်း ကုန်နေရင်လည်း လုပ်လို့ ရတဲ့ အထောက်အထားတွေ လုပ်ထားဖို့ ဒီနေ့ သွားနေပြီ” လို့ ကျောက်စိမ်း အရောင်းဆိုင်ဖွင့်ထားတဲ့ မြန်မာ နိုင်ငံသား လုပ်ငန်းရှင် တစ်‌ယောက်က ပြောပါတယ်။…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၂၂ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၈၉၀ ကျပ်ဝယ်ဈေး – ၃၈၃၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၁၀ ကျပ်ဝယ်ဈေး – ၂၇၆၀ ကျပ်-ယူရိုရောင်းဈေး – ၄၁၈၈ ကျပ်ဝယ်ဈေး – ၄၁၀၂ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၄.၇၁ ကျပ်ဝယ်ဈေး – ၁၀၂.၅၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၆၅ ကျပ်ဝယ်ဈေး – ၈၅၅ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၂၂ ကျပ်ဝယ်ဈေး – ၅၁၂ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၄.၉၃ ကျပ်ဝယ်ဈေး – ၂၄.၄၂ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၆.၃၃ ကျပ်ဝယ်ဈေး – ၄၅.၃၈ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၈၀ ကျပ်ဝယ်ဈေး – ၂.၇၄ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၇၅၉ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၂၂ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၃၈၂ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၄၇၈၀၀၀၀ ကျပ်ဝယ်ဈေး ၄၇၄၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၅၈၀၀၀၀ ကျပ်ဝယ်ဈေး ၄၅၄၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

သီရိလင်္ကာစစ်တပ်က ပြုလုပ်တဲ့ ကားမောင်းပြိုင်ပွဲ ပြေးလမ်းချော်ဝင်တိုက်မှုကြောင့် လူခုနှစ်ယောက်သေဆုံး

ကိုလံဘို၊ ဧပြီ-၂၂-၂၀၂၄မျိုးဆက်(VOM)သီရိလင်္ကာနိုင်ငံ ကားမောင်းပြိုင်ပွဲတခုမှာ ကားတစီးလမ်းချော်မှုကြောင့် လူခုနှစ်ယောက်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ဧပြီ ၂၁ ရက်က ဒိုင်ယာတာလာဝါမြို့မှပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲအတွင်း ဒီမတော်တဆမှုကြောင့် လူ ၁၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲကို သီရိလင်္ကာစစ်တပ်က စီစဉ်ကျင်းပတာဖြစ်ပြီး ၂၈ ကြိမ်မြောက်ဖြစ်ပါတယ်။အခင်းဖြစ်တဲ့အချိန်မှာ ပရိတ်သတ် တသိန်းကျော် ရှိနေပါတယ်။ သေဆုံးသူတွေထဲမှာ အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်တယောက်အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူလေးယောက်နဲ့ ပရိတ်သတ်တွေ ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။သူတို့ထဲက နှစ်ယောက်ဟာ ဒဏ်ရာတွေနဲ့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲက အချို့ဟာ ဒဏ်ရာပြင်းထန်တယ်လို့ သီရိလင်္ကာ စစ်တပ်က ပြောပါတယ်။မတော်တဆမှုဖြစ်ပွားပြီးနောက်မှာ ပွဲကိုရပ်နားခဲ့ပြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။Ref:BBCPhoto:Sri Lanka Military Academy

Read More

This Day in History

Voice of Myanmar အမေရိကန်နိုင်ငံရေသမားနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားဖြစ်သူ ဂေးလော့ဒ်အန်တန်နယ်လ်ဆင် စတင်သတ်မှတ်ခဲ့သော မြေကမ္ဘာနေ့ ပထမ ဆုံး အထိမ်းအမှတ်အခမ်းအနားကို ၁၉၇၀ ခုနှစ် ဧပြီ ၂၂ ရက်တွင် အမေရိကန်၌ စတင်ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ပိုမိုလှုံ့ဆော်နိုင်ခဲ့ကာ နိုင်ငံတကာ အထိမ်းအမှတ်နေ့အဖြစ် ထင်ရှားလာခဲ့သည်။

Read More
VOM News

FREE
VIEW