ကိုလံဘို၊ ဧပြီ-၂၂-၂၀၂၄
မျိုးဆက်(VOM)
သီရိလင်္ကာနိုင်ငံ ကားမောင်းပြိုင်ပွဲတခုမှာ ကားတစီးလမ်းချော်မှုကြောင့် လူခုနှစ်ယောက်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဧပြီ ၂၁ ရက်က ဒိုင်ယာတာလာဝါမြို့မှပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲအတွင်း ဒီမတော်တဆမှုကြောင့် လူ ၁၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲကို သီရိလင်္ကာစစ်တပ်က စီစဉ်ကျင်းပတာဖြစ်ပြီး ၂၈ ကြိမ်မြောက်ဖြစ်ပါတယ်။
အခင်းဖြစ်တဲ့အချိန်မှာ ပရိတ်သတ် တသိန်းကျော် ရှိနေပါတယ်။ သေဆုံးသူတွေထဲမှာ အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်တယောက်အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူလေးယောက်နဲ့ ပရိတ်သတ်တွေ ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သူတို့ထဲက နှစ်ယောက်ဟာ ဒဏ်ရာတွေနဲ့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲက အချို့ဟာ ဒဏ်ရာပြင်းထန်တယ်လို့ သီရိလင်္ကာ စစ်တပ်က ပြောပါတယ်။
မတော်တဆမှုဖြစ်ပွားပြီးနောက်မှာ ပွဲကိုရပ်နားခဲ့ပြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
Ref:BBC
Photo:Sri Lanka Military Academy
Related posts
-
တနှစ်အတွင်း မြန်မာနိုင်ငံကို နိုင်ငံပေါင်း၃၁နိုင်ငံကတရားမဝင် ဝင်ရောက်လာသူတွေ ငါးသောင်းကျော်ရှိ
ဇန်နဝါရီ၂၃-၂ဝ၂၅ Ms(VOM) မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံပေါင်း ၃၁နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေဟာ တနှစ်ကျော်အတွင်းမှာ အရေအတွက်... -
ယူကရိန်းစစ်ပွဲ မရပ်ရင် ရုရှားကို အရေးယူပိတ်ဆို့ပြီး အခွန်တွေတိုးကောက်မယ်လို့ ဒေါ်နယ်ထရန့် သတိပေး
ဝါရှင်တန်၊ ဇန်နဝါရီ-၂၃-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲ အဆုံးမသတ်ဘူးဆိုရင် ရုရှားကို စီးပွားရေး အရေးယူပိတ်ဆိုမှုတွေနဲ့ အခွန်တွေ... -
ဖလမ်းမြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
ဇန်နဝါရီ ၂၃ – ၂၀၂၅ SN (VOM) ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နစကတပ်နဲ့...