ဂွမ်ဒေါင်းပြည်နယ်မှာ ရေကြီးရေလျှံမှု လူခြောက်သောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

ပေကျင်း၊ ဧပြီ-၂၂-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နိုင်ငံရဲ့ လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ ဂွမ်ဒေါင်းပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူခြောက်သောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေထားရပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၁ ယောက်ပျောက်ဆုံးနေပြီး လက်ရှိချိန်ထိ ထိခိုက်သေဆုံးမှု မရှိသေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ရေဘေးကြောင့် ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေက အသက်ကယ်လှေတွေနဲ့ ကယ်ထုတ်နေပါတယ်။
ပြည်နယ်မြို့တော်ကွမ်ကျိုးအပြင် မြို့ငယ်များဖြစ်တဲ့ ရှောင်အန်နဲ့ ဟီယန်တို့ဟာ ရေကြီးရေလျှံ အဆိုးရွားဆုံးခံရတဲ့ မြို့တွေမှာ ပါဝင်နေပါတယ်။ရေကြီးရေလျှံမှုတွေကြောင့် ဂွမ်ဒေါင်းပြည်နယ် လူဦးရေ ၁၂၇ သန်းအနက် ၁ ဒသမ ၁၆ သန်းဟာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ပြည်နယ်တွင်းအရှိ အဓိကမြစ်တွေဟာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေပြီး ကမ်းပါးပြိုပြီး ရေကြီးမှုဖြစ်နိုင်ခြေကို အာဏာပိုင်တွေက အနီးကပ်စောင့်ကြည့်နေပါတယ်။
ဂွမ်ဒေါင်းပြည်နယ်မြောက်ပိုင်းရှိ မြစ်တစင်းဟာ ဒီနေ့မှာတော့ နှစ် ၁၀၀ မှာတကြိမ်ဖြစ်ပေါ်တဲ့ ရေကြီးရေလျှံဖြစ်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ဂွမ်ဒေါင်းပြည်နယ် အစိတ်အပိုင်းအများစုဟာ ပုလဲမြစ်ဝကျွန်းပေါ်မှာရှိတဲ့ မြေနိမ့်ပိုင်းဒေသဖြစ်ပြီး ရေကြီးရေလျှံမှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနဲ့ မုန်တိုင်းဒီရေတို့ကြောင့် ရေလွှမ်းမိုးမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။
Ref:BBC
Photo:Getty Image/Xinhua

Related posts

Leave a Comment

VOM News

FREE
VIEW