ဝါရှင်တန်၊ ဧပြီ-၂၂-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်မှာ TikTok အက်ပလီကေးရှင်းကို ပိတ်ပင်တားမြစ်ဖို့လုပ်နေတာဟာ အမေရိကန်ပြည်သူ သန်း ၁၇၀ ကျော်ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို နင်းချေလိုက်တာဖြစ်ကြောင်း TikTok က ဝေဖန်ပြောဆိုလိုက်ပါတယ်။
TikToK ဟာတရုတ်အစိုးရနဲ့ ဆက်နွယ်မှုများကို မဖြတ်ပါက့အက်ပလီကေးရှင်းကို ပိတ်ပင်သွားဖို့ အမေရိကန်အောက်လွှတ်တော်က ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်တွင် အတည်ပြုခဲ့တာကြောင့် ပိတ်ပင်ခံရမယ့်အရေးဟာ မိုပိုသက်ဝင်နီးစပ်လာပြီဖြစ်ပါတယ်။
ဥပဒေကြမ်းဟာ ယူကရိန်းအတွက် အကူအညီများပါဝင်တဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ တစိတ်တစ်ပိုင်းဖြစ်ပြီး လာမယ့် သီတင်းပတ်အစောပိုင်းမှာ ဥပဒေဖြစ်လာနိုင်ပါတယ်။
မကြာသေးမီကာလအတွင် အမေရိကန်တာဝန်ရှိသူတွေဟာ လူငယ်များအကြား TikToK ရေပန်းစားလာမှုကို သတိပေးမှုများ ပြုလုပ်ခဲ့ပါတယ်။ TikTokဟာ တရုတ်အစိုးရလက်အောက်ခံဖြစ်ကြောင်း စွပ်စွဲချက်တွေ ကို မိခင်ကုမ္ပဏီဖြစ်တဲ့ ဘိုက်ဒန့်စ်က ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။
အထက်လွှတ်တော်ဟာ လာမယ့် သီတင်းပတ်မှာ ဒီကိစ္စကို မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး ဥပဒေဖြစ်လာပါက ဘိုက်ဒန့်ကုမ္ပဏဟာ သူ့ရှယ်ယာတွေကို ရောင်းချဖို့ အချိန်ကိုးလရရှိမှာဖြစ်ပြီး မရောင်းဘူးဆိုရင်တော့ အမေရိကန်မှာ ပိတ်ပင်ခံရတော့မှာဖြစ်ပါတယ်။
Ref:BBC
Photo:Getty Images
အမေရိကန်မှာ TikTok ကိုပိတ်ပင်ဖို့ ပိုမိုနီးစပ်လာ
