တီဟီရန် ၊ မတ်-၃၁-၂၀၁၉
မျိုးဆက် (VOM)
အီရန်နိုင်ငံမှာ နောက်ထပ်ရေကြီးရေလျှံမယ့်အန္တရာယ်ရှိနေတဲ့အခြေအနေကြောင့် နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူဇက်စတန်ပြည်နယ်မှာ အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။
ဒီလို အရေးပေါ်အခြေအနေကို ပြည်ထဲရေးဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ ကြေညာခဲ့တာဖြစ်တယ်လို့ ကူဇက်စတန်ပြည်နယ် အုပ်ချုပ်ရေးမှူး ရှာရီရာတီ က ပြောပါတယ်။ ဒါပေမယ့် ဒေသခံအချို့ကတော့ ဒီလိုဖြစ်စဉ်များ ယခင်က ကြုံဖူးသလို ၎င်းတို့ရဲ့ အလုပ်တွေကြောင့် အရေးပေါ်အခြေအနေကြေညာတာကို အလေးမထားဘူးလို့ သူကပြောပါတယ်။
ကူဇက်စတန်ပြည်နယ် မြောက်ပိုင်းရှိဒေသတွေမှာ လာမယ့်၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ မိုးလေ၀သ ခန့်မှန်းချက်တွေထွက်ပေါ်လာပြီးနောက် အရေးပေါ်အခြေအနေကြေညာလိုက်တာဖြစ်ပါတယ်။
ကူဇက်စတန်ပြည်နယ်မှာ အီရန်နိုင်ငံရဲ့ ရေကြီးရေလျှံမှုဖြစ်ပွားဖို့ များစွာခြိမ်းခြောက်နေတဲ့ ခါရန်မြစ်အပါအ၀င် အဓိက မြစ်ငါးစင်းတည်ရှိနေပါတယ်။ လက်ရှိမှာတော့ အဲဒီမြစ်တွေရဲ့ အနီးမှာရှိတဲ့ ရွာ ၅၅ ရွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် အီရန်နိုင်ငံရဲ့ ပြည်နယ် ၃၁ ခုမှ ၂၅ ခုမှာ မတ် ၁၉ ရက်က ရေလွှမ်းမိုးခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းမကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူဦးရေဟာလည်း ၄၂ ဦးအထိမြင့်တက်လာပါတယ်။
Ref: Press TV
Photo : Reuters
#voiceofmyanmar #အီရန်