နည်းပညာပြဿနာကြောင့် Playstore ကနေ Viber အက်ပ်လီကေးရှင်းကို ဒေါင်းလုဒ်မရတဲ့ ပြသနာဖြစ်ပွား

 

ဇွန် ၁၇ – ၂၀၂၄
GG (VOM)

မြန်မာအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားမှာ ဒီနေ့ ဇွန်လ ၁၇ ရက်နေ့မှာ Google playstore မှာ Viber application ဆော့ဝဲပျောက်သွားပြီး ဒေါင်းလုဒ် (Download )လုပ်မရတဲ့ပြဿနာဖြစ်ပွားနေတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီနေ့မနက်ပိုင်း ၁၂ နာရီမတိုင်ခင်လောက်ကတည်းက Playstore မှာ Viber software ပျောက်သွားခဲ့တာ လက်ရှိ ညနေပိုင်း ၄ နာရီအထိဖြစ်လို့ Playstore မှာ Viber ဒေါင်းမရတဲ့ပြဿနာဖြစ်ပွားနေတာ ၄ နာရီထက်မနည်းကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ခုလို Playstore မှာ Viber ဒေါင်းမရတဲ့ပြဿနာနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာက ” Google Play Store မှာ နည်းပညာဆိုင်ရာ ပြဿနာတခုကြောင့် ဒေါင်းလုဒ်ယာယီပြုလုပ်နိုင်မှာမဟုတ်ကြောင်း၊ ဒီပြဿနာကို မဖြေရှင်းနိုင်ခင်အထိ Viber.com သို့မဟုတ် အခြား အက်ပ်လီကေးရှင်းစတိုးတွေမှာ ဒေါင်းလုဒ်ရယူနိုင်တယ် ” လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

ကနဦးမှာ Viber app ကို IOS phone တွေရဲ့ Playstore မှာ ဒေါင်းလို့ရနေပြီး Android ဖုန်းအမျိုးအစားတွေရဲ့ Google playstore မှာသာဒေါင်းလုဒ်မရတာဖြစ်ပေမယ့် လက်ရှိမှာတော့ IOS ၊ Andriod အမျိုးအစားနှစ်ခုလုံးရဲ့ Playstoreမှာပါ viber app ပျောက်သွားပြီလို့သိရပါတယ်။

Viber သုံးစွဲသူအချို့ကလည်း Viber app ဟာ Andriod Version အနိမ့်တွေ့မှာသာ ဒေါင်းလုဒ်မရတာဖြစ်ကြောင်းပြောဆိုမှုရှိပေမယ့်လည်း လတ်တလောမှာတော့ ဖုန်းအားလုံးရဲ့ Google playstore မှာ viber app မရှိတော့တာကိုသိရပါတယ်။

” ပြောနေကြတာစုံနေတာပဲ၊ ကျွန်တော်ဖုန်းဆိုဝယ်ထားတာ ၄ လရှိသေးတယ်။a ndriod အမြင့်ပါပဲ၊ playstore ဝင်ကြည့်တာ viber မတွေ့ဘူးဗျ၊ တခြား Apk တွေထဲတော့ရတယ် ” လို့ viber အသုံးပြုသူတယောက်ကပြောပါတယ်။

လက်ရှိမှာ Viber App ကို Google Playstore ကသာဒေါင်းလုဒ်လုပ်လို့မရတာဖြစ်ပြီး အခြား အက်ပ်လီကေးရှင်းတွေဒေါင်းလုဒ်လုပ်လို့ရတဲ့ hwawei gallery ၊ APK Pure ၊ Viber ဝက်ဘ်ဆိုက်အပါအဝင် အခြား အက်ပ်လီကေးရှင်းစတိုးတွေမှာဒေါင်းလို့ရနေတယ်လို့သိရပါတယ်။

Google playstore ကနေ Viber app ပျောက်သွားတဲ့ပြဿနာနဲ့ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်သူတယောက်ကတော့ ” နိုင်ငံတိုင်းဖြစ်နေတာဆိုတော့ error တခုတက်တာတို့ဖြစ်နိုင်ပါတယ်။လက်ရှိနစကဘက်ကဖြုတ်ချဖို့ကတော့ viber လို community အကြီးကြီးကိုတော့သူတို့အလွယ်တကူဖြုတ်ချဖို့တော့ လွယ်လွယ်ကူကူ မဖြစ်နိုင်ဘူး ၊ အလားတူ fb ဆိုလည်း အသုံးပြုတာနှေးကွေးသွားအောင်ပဲလုပ်လို့ရမယ်၊ လုံးဝကြီးသုံးမရအောင်တော့လုပ်ဖို့မလွယ်ဘူး၊ vpn တွေအကုန်ပိတ်မယ်ဆိုတောင်အချိန်တခုထိကြာအုံးမယ်၊ တရုတ်လိုနိုင်ငံတောင်ပိတ်ထားတဲ့ကြားက Fb သုံးနေကြတာပဲ ” လို့ သုံးသပ်ပြောပါတယ်။

လက်ရှိမှာတော့ နစကဘက်က Facebook အသုံးပြုလို့မရအောင် နည်းပညာပိုင်းဆိုင်ရာတွေသုံးပြီးလုပ်ဆောင်နေတယ်ဆိုပြီးသတင်းတွေထွက်နေတဲ့အပြင် လက်တွေ့မှာလည်း Facebook အသုံးပြုဖို့အတွက် VPN အချို့အသုံးပြုမရတာကြောင့် Facebook သုံးစွဲသူတော်တော်များများလျော့ကျသွားတယ်လို့သိရပါတယ်။

Facebook အသုံးပြုရတာ အဆင်မပြေတော့တာကြောင့် Facebook သုံးပြီးလုပ်ငန်းလုပ်ကိုင်သူတွေဟာ Viber ကိုပါတွဲဖက်အသုံးပြုလာချိန်မှာ google playstore ကနေ Viber Application ပျောက်သွားတဲ့အတွက် မြန်မာပြည်သူတွေအကြား စိုးရိမ်စိတ်တွေဖြစ်ခဲ့ရပါတယ်။

မတ်လ ၅ ရက်နေ့ ညပိုင်းကလည်း Meta ( ခေါ် ) Facebook ကုမ္ပဏီအောက်က အွန်လိုင်းလူမှုမီဒီယာတွေ ဖြစ်တဲ့ Facebook ၊ Messenger ၊ Instagram နဲ့ Threads Application အားလုံးမြန်မာအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြား မှာ အချိန် ၁ နာရီကြာအောင် အသုံးပြုလို့မရဘဲ ရပ်ဆိုင်းသွားတဲ့ ပြဿနာ ဖြစ်ပွားခဲ့ပါတယ် ။

#Voiceofmyanamr #VOM #ဗိုက်ဘာ #အက်ပ်လီကေးရှင်းစတိုး #ဒေါင်းလုဒ်

Related posts

Leave a Comment

VOM News

FREE
VIEW