နေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲ ဝါရှင်တန်မှာ စတင်

 

ဝါရှင်တန်၊ ဇူလိုင်-၁၀-၂၀၂၄
မျိုးဆက်(VOM)

နေတိုးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ စတင်လိုက်ပြီး အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေတက်ရောက်နေပြီး ဇူလိုင် ၁၁ ရက်ထိ ကျင်းပသွားဖို့ရှိနေပါတယ်။

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုဟာ မျိုးဆက်သစ်တွေအတွက် အကြီးမားဆုံးသော လုံခြုံရေးအကျပ်အတည်းဖြစ်တယ်လို့ နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ဂ်က အစည်းအဝေးမှာ ပြောပါတယ်။

“ ယူကရိန်းစစ်ပွဲမှာ ရုရှားကအနိုင်ရလိုက်ရင် ဒါဟာကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သလို အကြီးမားဆုံး အန္တရာယ်ဖြစ်လိမ့်မယ်”လို့ သူက သတိပေးပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အဖွဲဝင် ၃၂ နိုင်ရှိတဲ့ လက်ရှိနေတိုးအဖွဲ့ဟာ အင်အားအကောင်းဆုံးလို့ အဖွင့်မိန့်ခွန်းမှာ ဆိုပါတယ်။

နေတိုးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းသို့ လက်နက်များပေးပို့ရေး၊ အဖွဲ့ဝင်နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေအတွက် လေ့ကျင့်ခြင်း မဟာမိတ်အခန်းကဏ္ဍတိုးချဲ့ဖို့နဲ့ အခြားပြသနာများအပေါ် ဆွေးနွေးသွားဖို့ရှိနေပါတယ်။

ဒီထဲမှာ ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှုကို နောက်ထပ်တနှစ်ထပ်မံတိုးမြှင့်ဖို့ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ ရိုမေးနီးယားတို့ကလည်း ယူကရိန်းအတွက် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ထပ်ပြီး ထောက်ပံ့မယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်ယက်ရှိ ကလေးဆေးရုံ ထိမှန်ပျက်စီးခဲ့ပြီး တိုက်ခို်ကမှုတွေအတွင်း လူ ၄၃ ယောက်ထိ သေဆုံးခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ပိုမိုပေးအပ်ဖို့ မဟာမိတ်တွေကို တောင်းဆိုထားပါတယ်။

Ref:NHK
Photo:Ukraine Crisis

#Voiceofmyanmar #VOM #ယူကရိန်း #နေတိုး #အမေရိကန် #ထိပ်သီးဆွေးနွေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW