နီပေါမှာ မြေပြိုပြီး ဘတ်စ်ကားနှစ်စင်း မြစ်ထဲကျလို့ လူ ၅၀ ကျော်ပျောက်ဆုံး

 

ခတ္တမန္ဒူ၊ ဇူလိုင်-၁၃-၂၀၂၄
မျိုးဆက်(VOM)

နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူနဲ့ ကီလိုမီတာအကွာဒေသမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုအတွင်း ဘတ်စ်ကားနှစ်စင်း မြစ်ထဲကိုမျောပါသွားတာကြောင့် လူ ၅၀ ကျော်ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုကနေ လွတ်မြောက်လာသူ သုံးယောက်ကို ဒေသခံတွေကတွေ့ရှိပြီး ကမ်းသို့ခေါ်ကာ ဆေးရုံပို့ပေးထားပါတယ်။ ပြည်ထဲရေးဝန်ကြီး ရာဘီလာမီချာနီကတော့ ရှာဖွေကယ်ဆယ်ရေးအတွက် လူ ၅၀၀ ကျော်စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

မြို့တော် ခန္တမန္ဒူအနောက်ဘက် ၅၃ မိုင်အကွာမှာဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာလည်း တတိယမြောက်ဘတ်စ်ကားတစီး တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ခန္တမန္ဒ္ဒူကနေလာတဲ့ ဘတ်စ်ကာနှစ်စီးထဲကတစ်စီးမှာ ခရီးသည် ၄၁ ယောက်ပါပြီး နောက်တစီးမှာတော့ ၂၄ ယောက်ပါပြီး ဒီထဲက ခရီးသည် ၅၁ ယောက်ပျောက်ဆုံးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာတောပ ထရီရှူလီမြစ်ထဲမှာ ပျောက်ဆုံးနေတဲ့ ဘတ်စ်ကားနှစ်စင်းက ခရီးသည်တွေကို မြို့တော်ရဲ့ အနောက်ဘက် ကီလိုမီတာ ၁၅၀ အကွာမှာလည်း မြေပြိုမှုကြောင့် လူ ၁၀ ယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:DW
Photo:AFP

#Voiceofmyanmar #VOM #နီပေါ #မြေပြိုမှု #ဘတ်စ်ကားမှောက် #လူ၅၀ကျော် #ပျောက်ဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW