ထိုင်ဝမ်ကို နာရီပိုင်းအတွင်း တိုက်ခတ်မယ့် အင်အားပြင်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်တွေ အားလုံးနီးပါး ဖျက်သိမ်း

 

တိုင်ပေ၊ ဇူလိုင်-၂၄-၂၀၂၄
မျိုးဆက်(VOM)

ထိုင်ဝမ်မှာ ကျွန်းရဲ့ အရှေ့မြောက်ကမ်းရိုးတန်း ကု်နးတွင်းပိုင်းကို လာမယ့် နာရီပိုင်းအတွင်း ဝင်ရောက်တိုက်ခတ်မယ့် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဂေမီတိုက်ခတ်မယ့်အရေးကို ကြိုတင်ပြင်ဆင်နေရပါတယ်။

ဒါဟာ ထိုင်ဝမ်ကျွန်းကို ယခုနှစ်မုန်တိုင်းရာသီမှာ ပထမဆုံးဝင်ရောက်တိုက်ခတ်မယ့် တိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး ထိုင်ဝမ်စစ်တပ်ရဲ့ နှစ်စဉ်အကြီးစားစစ်ရေးလေ့ကျင့်မှု အချို့ကိုပါ ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာလေယာဉ်ခရီးစဉ် ၂၀၀ နဲ့အတူ ပြည်တွင်း လေယာဉ်ခရီးစဉ်အားလုံးနီးပါးကို ဖျက်သိမ်းထားကြောင်း ထိုင်ဝမ် ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တိုင်ဖွန်းမုန်တိုင်းဟာ တနာရီကို မိုင် ၁၅၀ နှုန်းထိ တိုက်ခတ်နေပြီး အဆင့် ၄ အဖြစ်သတ်မှတ်ထားပါတယ်။

ကင်မီကျွန်းမှလွဲပြီး ကျန်နေရာတွေမှာ ဒီနေ့ကို မုန်တိုင်းနေ့အဖြစ်သတ်မှတ်ပြီး အလုပ်တွေနဲ့ စာသင်ကြားမှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ TSMC ကတော့စက်ရုံရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်လည်ပတ်နေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းဟာ လက်ရှိမှာတော့ မြောက်ဘက်ကို အနည်းငယ်ရွေ့လျားနေပြီး ယနေ့ညမှာ မြို့တော်တိုင်ပေအပါအဝင် ထိုင်ဝမ်မြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းကာ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖူကျန်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်မယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

Ref:BBC
Photo:AFP

#Voiceofmyanmar #VOM #ထိုင်ဝမ် #တိုင်ဖွန်းမုန်တိုင်း #လေယာဉ်ခရီးစဉ် #ရပ်ဆိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW