ဂျပန်နိုင်ငံရဲ့ လူဦးရေ ၁၅ နှစ်ဆက်တိုက် စံချိန်တင် ကျဆင်း

 

တိုကျို၊ ဇူလိုင်-၂၅
မျိုးဆက်(VOM)

ဂျပန်နိုင်ငံရဲ့ လူဦးရေဟာ ၁၅ နှစ်ဆက်တိုက် ကျဆင်းသွားပြီး နိုင်ငံတွင်းနေထိုင်သည့် ပြည်ပနိုင်ငံသားဦးရေ စံချိန်တင်မြင့်တက်လာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ထိ ဂျပန်လူဦးရေ ၁၂၄ ဒသမ ၈၈၅ သန်းကျော်ရှိနေပြီး လွန်ခဲ့တဲ့နှစ်ကထက် လူဦးရေ ငါးသိန်းသုံးသောင်း သို့မဟုတ် သုည ဒသမ ၄၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ဂျပန်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ဒီလို လူဦးရေကျဆင်းမှုဟာ ၁၉၆၈ ခုနှစ်မှာ မှတ်တမ်းတွေစတင်ပြီးနောက်ပိုင်း စံချိန်တင်လည်းဖြစ်ပါတယ်။ နိုင်ငံလူဦးရေဟာ ၂၀၀၉ ခုနှစ်မှာ ၁၂၇ သန်းထိ အထွတ်အထိပ်ရောက်ရှိပြီးနောက် ၁၅ နှစ်ဆက်တိုက် ကျဆင်းလာခြင်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားဦးရေဟာလည်း ၃ ဒသမ ၃၂၃ သန်းထိရှိလာပြီး ယခင်နှစ်ကထက် သုံးသိန်းနှစ်သောင်းကျော် သိုမဟုတ် ၁၁ ဒသမ ၁ ရာခိုင်နှုန်းထိ တိုးမြင့်လာခဲ့တယ်လို့ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံမှာ လူဦးရေဆက်လက်ကျဆင်းနေမှုဟာ နိုင်ငံအတွက် ရေရှည်ပြသနာတရပ် ဖြစ်လာနိုင်ပြီး လူဦးရေး တိုးပွားလာရေးအတွက် လူမှုဖူလုံရေး ထောက်ပံ့မှုတွေအပါအဝင် အစီအမံများကို ဂျပန်အစိုးရက မူဝါဒချမှတ်ဆောင်ရွက်နေပါတယ်။

Ref:NHK
Photo:Reuters

#Voiceofmyanmar #VOM #ဂျပန် #လူဦးရေ #ကျဆင်းမှု #စံချိန်တင်

Related posts

Leave a Comment

VOM News

FREE
VIEW