မြူးနစ်ရှိ အစ္စရေးကောင်စစ်ဝန်ရုံးအနီး ပစ်ခတ်မှု သေနတ်သမား သေဆုံး

 

ဘာလင်၊ စက်တင်ဘာ-၆-၂၀၂၄
မျိုးဆက်(VOM)

ဂျာမနီတောင်ပိုင်း မြူးနစ်မြို့ရှိ အစ္စရေးကောင်စစ်ဝန်ရုံးအနီးမှာ သေနတ်သမားနဲ့ ရဲတပ်ဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီး သေနတ်သမားသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေနတ်သမားဟာ အသက် ၁၈ နှစ်အရွယ် ဩစတြေးလျနိုင်ငံသားဖြစ်ပြီး ကောင်စစ်ဝန်ရုံးကို အကြမ်းဖက်တို်ကခိုက်ဖို့ စီစဉ်ခဲ့တာဖြစ်နို်ငကြောင်း ဂျာမနီအာဏာပိုင်တွေက ပြောပါတယ်။ ယခုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသူမရှိဘူးလို့ ဆိုပါတယ်။

၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်အားကစားပွဲတော်ကို တက်ရောက်လာတဲ့ အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို ပါလက်စတိုင်း အစွန်းရောက်အဖွဲ့က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၁ ယောက်သေဆုံးခဲ့တဲ့ နှစ်ပတ်လည်နေ့နဲ့ တိုက်ဆို်ငနေပါတယ်။

ဒါဟာ ကောင်စစ်ဝန်ရုံးကို အကြမ်းဖက်တိုက်ခို်ကဖို့ ကြိုးပမ်းမှုအဖြစ် ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေတွေက ဖော်ပြထားပြီး တိုက်ခိုက်ရတဲ့အကြောင်းရင်းအသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။

သေနတ်သမား ဆယ်ကျော်သက်ဟာ အစွန်းရောက် အစ္စလာမ္မစ် အယူအဆတွေရဲ့ လွှမ်းမိုးမှုအောက်မှာရှိနေတယ်ဆိုတဲ့ သံသယနဲ့ ဩစတြေးလျအာဏာပိုင်တွေဟာ သူ့ရဲ့နေအိမ်ကို ယခင်က ရှာဖွေမှုတွေ ပြုလုပ်ခဲ့ဖူးတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဂျာမနီမှာ ဩဂုတ်လနှောင်းပိုင်းက လူသုံးယောက်သေဆုံးခဲ့တဲ့ ဓါးကိုင်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ကြေညာပြီးနောက် နိုင်ငံတွင်းမှာ လုံခြုံရေးသတိပေးချက် တိုးမြှင့်ထားပါတယ်။

Ref:NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW