အာဖရိကနိုင်ငံတွေကို ဒေါ်လာ ၅၀ ဘီလီယံထောက်ပံ့မယ်လို့ တရုတ်သမ္မတ ကတိပြု

ပေကျင်း၊ စက်တင်ဘာ-၆-၂၀၂၄
မျိုးဆက်(VOM)
အာဖရိကနိုင်ငံတွေအတွက် အခြေခံအဆောက်အအုံနဲ့ စစ်ဘက်ဆိုင်ရာတွေ အပါအဝင် အခြားကဏ္ဍတွေအတွက် ဒေါ်လာ ၅၀ ဘီလီယံ ထောက်ပံ့မယ်လို့ တရုတ်သမ္မတ ရှီကျင်းပင်က ကတိပြုလိုက်ပါတယ်။
တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ ကျင်းပနေပြီး အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ သမ္မတရှီကျင်းပင်က အာဖရိက နိုင်ငံတွေအတွက် ထောက်ပံ့မှုကို ကတိပြုလိုက်တာဖြစ်ပါတယ်။
ဆွေးနွေးပွဲကို အာဖရိကနိုင်ငံ ၅၃ နိုင်င်ငံမှ ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်နေကြပါတယ်။ တရုတ်နဲ့ သံတမန်ဆက်ဆံရေးရှိတဲ့ အာဖရိကနိုင်ငံအားလုံးနဲ့ ဆက်ဆံရေးကို ပိုမိုမဟာဗျူဟာမြောက်အဆင့် တိုးမြှင့်ဖို့ အသင့်ရှိကြောင်း ရှီကျင်းပင်က ဆိုပါတယ်။
တရုတ်နိုင်ငံက လာမယ့် သုံးနှစ်အတွင်း ဒေါ်လာ ဘီလီယံ ၅၀ ပံ့ပိုးပေးသွားမှာဖြစ်ပြီး ကူညီမှုအစီအစဉ်မှာ အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနယ်ပယ်တွေ အကြုံးဝင်ပြီး စစ်ရေးလေ့ကျင့်မှုလို နယ်ပယ်တွေလည်း ပါဝင်နေပါတယ်။
အာဖရိကနဲ့ တရုတ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေဟာ ကြွေးမြီထောင်ချောက် ဖြစ်လာနိုင်ခြေရှိကြောင်း အမေရိကန်နဲ့ အခြားနိုင်ငံများက စိုးရိမ်ပူပန်နေပြီး ဖွံဖြိုးဆဲနိုင်ငံတွေကို အခုလို ချေးငွေအလွန်အကျွံချေးတာမျိုးတွေဟာ တရုတ်နိုင်ငံက ဩဇာချဲ့ထွင်နေတာဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ပြောဆိုပါတယ်။
Ref:NHK
Photo:Xinhua/Reuters

Related posts

Leave a Comment

VOM News

FREE
VIEW