တိုင်ဖွန်း မီလ်တန်ကြောင့် ဖလော်ရီဒါမှာ ၁၆ ယောက်သေပြီး အိမ်ခြေသုံးသန်းကျော် ဓါတ်အားပြတ်တောက်

ဝါရှင်တန်၊ အောက်တိုဘာ-၁၁-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်း မီလ်တန်ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၆ယောက် ထက်မနည်း သေဆုံးသွားပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဟာရီကိန်းမုန်တိုင်းဝင်ရောက် မတိုက်ခတ်မီ လေဆင်နှာမောင်းတဒါဇင်ကျော် တိုက်ခတ်ခဲ့တဲ့ အရှေ့ဘက်ကမ်းရိုးတန်း စိန့်လူစီကောင်တီမှာ လူငါးယောက်သေဆုံးခဲ့တယ်လို့ ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။
ဖလော်ရီဒါအလယ်ပိုင်း စိန့်ပီတာစဘတ်နဲ့ အော်လန်ဒိုကနေ မိုင် ၅၀ အကွာ ဗိုလူစီးယားကောင်တီမှတော့ လူသေဆုံးမှုပိုများနိုင်ပြီး မုန်တိုင်းကြောင့် အချို့ဒေသအချို့မှာ မိုးရေချိန် ၁၈ လက်မထိ ရွာသွန်းခဲ့တယ်လို့ ဆိုပါတယ်။
မုန်တိုင်းကြောင့် အိမ်ခြေသုံးသန်းလျှပ်စစ်ဓါတ်အား ပြတ်တောက်ခဲ့ရပြီး ပြည်နယ်တဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ကာ လာမယ့်ရက်များအတွင်း ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်စ်က သတိပေးထားပါတယ်။
လက်ရှိမှာတော့ ကယ်ဆယ်ရေး အရှိန်မြှင့်လုပ်ဆောင်နေပြီး အခြားသေဆုံးမှုတွေကို အတည်မပြုနိုင်သေးပေမယ့် သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ဖလော်ရီဒါကျွန်းဆွယ်ကို ဖြတ်သန်းပြီး ကုန်တွင်းပိုင်းကို ဝင်ရောက်ခတ်တဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန်ဟာ တနာရီ မိုင် ၉၀ နှုန်းနဲ့ အမျိုးအစား-၁ အဖြစ် အားလျော့သွားပြီဖြစ်ပြီး ဒါဟာ မကြာသေးမီအတွင်း ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဒုတိယမြောက် အင်အားပြင်းမုန်တိုင်းလည်းဖြစ်ပါတယ်။
Ref:BBC
Photo:Reuters/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW