ပြုံးယမ်း၊ နိုဝင်ဘာ-၁-၂၀၂၄
မျိုးဆက်(VOM)
မြောက်ကိုရီးယားစစ်တပ်ဟာ ဟွာဆောင်-၁၉ တိုက်ချင်းပစ်ဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်သပ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ယူကရိန်းစစ်မြေပြင်မှာ ရုရှားကိုကူတိုက်ဖို့ မြောက်ကိုရီးယားစစ်သားတွေ စေလွှတ်ထားတဲ့အပေါ် နိုင်ငံတကာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေချိန်မှာ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ခဲ့တာဖြစ်ပြီး ဒုံးကျည်ဟာ ပစ်မှတ်ကို မထိမှန်ခင် စံချိန်တင် အမြင့်ကနေ ပျံသန်းခဲ့ပါတယ်။
ဒုံးကျည်ဟာ အမြင့် ၇၆၈၇ ကီလိုမီတာကနေ ပျံသန်းခဲ့ပြီး ကီလိုမီတာ ၁၀၀၀ ကျော်အကွာရှိ ဂျပန်ပင်လယ်ထဲက ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ထားပြီး ကမ္ဘာ့အားအပြင်းဆုံး မဟာဗျူဟာမြောက် ဒုံးကျည်လို့ ဆိုပါတယ်။
လေထုထဲကို ဒုံးကျည်ပြန်လည်ဝင်ရောက်လာချိန်မှာ ပစ်မှတ်ကို လမ်းညွှန်နိုင်မှုနဲ့ နျူကလီးယားထိပ်ဖူးကို ကာကွယ်နိုင်မှုအပေါ် မေးခွန်းထုတ်စရာတွေရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားတပ်ဖွဲ့တွေ အင်အားတောင့်တင်းရေးလမ်းကြောင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကင်ဂျုံအန်က အလေးပေးပြောဆိုပါတယ်။
ကုလသမဂ္ဂက တားမြစ်ပိတ်ပင်ထားသော ဒုံးကျည်အမျိုးအစားကို စမ်းသပ်ပစ်ခတ်ခဲ့ခြင်းအပေါ် ကုလသမဂ္ဂ၊ အမေရိကန်၊ တောင်ကိုရီးယားအပါအဝင် နိုင်ငံတကာက မြောက်ကိုရီးယားကို ပြစ်တင်ပြောဆိုထားပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်ပြားစေတယ်လို့ ဆိုပါထားပါတယ်။
Ref:Reuters
Photo:Reuters
Related posts
-
မကွေးမြို့မှာ ဆရာဝန်မကြီးတယောက် ဆေးခန်းအတွင်း ဓားထိုးခံရပြီး သေဆုံး
နိုဝင်ဘာ ၂၂ – ၂၀၂၄SS (VOM)မကွေးတိုင်း၊ မကွေးမြို့မှာ မနေ့ နိုဝင်ဘာ ၂၁... -
အစ္စရေးဝန်ကြီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ဟားမတ်စ်တပ်မှူးတို့ကို ICC ဖမ်း၀ရမ်းထုတ်ပြီ
သည်ဟိတ်၊ နိုဝင်ဘာ-၂၂-၂၀၂၄မျိုးဆက်(VOM)နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC )က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ရော့ဗ်ဂယ်လန့်နဲ့... -
မြေမြုပ်မိုင်းကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲ မြန်မာ နံပါတ် ၁ ချိတ်
Ms(VOM) နိုဝင်ဘာ၂၂၊၂၀၂၄ ၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ တကမ္ဘာလုံးမှာ မြေမြုပ်မိုင်းကြောင့်သေဆုံးရမှုက ထိပ်ဆုံးအဆင့်ထိရောက်ရှိလာတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ မြေမြှုပ်မိုင်းများ...