ဘေရွတ်၊ နိုဝင်ဘာ-၁-၂၀၂၄
မျိုးဆက်(VOM)
ဂါဇာမှာ အပစ်မရပ်မချင်း အစ္စရေးကို ဆက်တိုက်သွားမယ်လို့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ရဲ့ ခေါင်းဆောင်သစ် နာရင်းမ်ကာဆမ်က သတိပေးပြောဆိုလိုက်ပါတယ်။
မကြာသေးမီက အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အဖွဲ့ခေါင်းဆောင် ဟတ်ဆန်နာဆရယ်လာ အသတ်ခံခဲ့ရတာကြောင့် နာရင်းမ်ကာဆမ်ကို ခေါင်းဆောင်သစ်အဖြစ် တင်မြောက်ခဲ့ပြီးနောက် တရက်အကြာမှာ ဗီဒီယိုတခုထုတ်ပြန်ပြီး အခုလို ပြောဆိုခဲ့တာပါ။
အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ လက်ဘနွန်ကိုကာကွယ်ဖို့နဲ့ ပါလက်စတိုင်းတို့ကို ထောက်ခံဖို့ဖြစ်ပြီး အဖွဲ့ရဲ့ နိုင်ငံရေးမူဘောင်တွေအတွင်း စစ်ရေးအစီအစဉ်တွေကို ဆက်လုပ်သွားမယ်လို့ နာရင်းမ်ကာဆမ်က ပြောပါတယ်။
အစ္စရေးဟာ ပြီးခဲ့တဲ့နေ့လည်း လက်ဘနွန်ရှိ ဟဇ်ဘိုလာတို့ကို မြေပြင်ထိုးစစ် ဆက်လက်ဆင်နွှဲနေသလို ဒုံးကျည် တိုက်ခိုက်မှုအပါအဝင် ပစ်မှတ် ၁၀၀ ကျော်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။
ဒေသခံတွေကို ဘေးလွတ်ရာရှောင်ရွှေ့ပြောင်းဖို့ သတိပေးပြီးနောက် ဘဲလ်ဘက်ခ်နဲ့ ဝန်းကျင်ဒေသတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟဇ်ဘိုလာတို့ကလည်း အစ္စရေးဘက်ကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။
ဒီအတောအတွင်း ဟဇ်ဘိုလာတို့ကို အဓိကကျောထောက်နောက်ခံပြုထားတဲ့ အီရန်နဲ့ အစ္စရေးတို့ကြားမှာလည်း ဒုံးကျည်တိုက်ခိုက်မှုတွေ အပြန်အလှန်ဖြစ်ပွားခဲ့ပြီး တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပြီး ထိပ်တိုက်ပဋိပက္ခတွေကို ရှောင်ရှားကြဖို့ နိုင်ငံတကာက တိုက်တွန်းနေကြပါတယ်။
Ref:NHK
Photo:AFP
Related posts
-
မကွေးမြို့မှာ ဆရာဝန်မကြီးတယောက် ဆေးခန်းအတွင်း ဓားထိုးခံရပြီး သေဆုံး
နိုဝင်ဘာ ၂၂ – ၂၀၂၄SS (VOM)မကွေးတိုင်း၊ မကွေးမြို့မှာ မနေ့ နိုဝင်ဘာ ၂၁... -
အစ္စရေးဝန်ကြီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ဟားမတ်စ်တပ်မှူးတို့ကို ICC ဖမ်း၀ရမ်းထုတ်ပြီ
သည်ဟိတ်၊ နိုဝင်ဘာ-၂၂-၂၀၂၄မျိုးဆက်(VOM)နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC )က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ရော့ဗ်ဂယ်လန့်နဲ့... -
မြေမြုပ်မိုင်းကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲ မြန်မာ နံပါတ် ၁ ချိတ်
Ms(VOM) နိုဝင်ဘာ၂၂၊၂၀၂၄ ၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ တကမ္ဘာလုံးမှာ မြေမြုပ်မိုင်းကြောင့်သေဆုံးရမှုက ထိပ်ဆုံးအဆင့်ထိရောက်ရှိလာတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ မြေမြှုပ်မိုင်းများ...