ZY(VOM)
နိုဝင်ဘာ ၅၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လာမယ့် နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ ၇ရက်ကြာ ကျင်းပပြုလုပ်သွားမယ့် တန်ဆောင်တိုင်ပွဲတော်အတွင်း နေ့လွှတ်၊ ညလွှတ် မီးပုံးပျံအလုံးရေ စုစုပေါင်း ၂၅၀ကျော် လွှတ်တင်သွားမှာဖြစ်တယ်လို့ ပွဲကျင်းပရေးကော်မတီထံကနေ သိရပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ မီးပုံးပျံ ညမီးကြီးယမ်းမီး ၂၆ လုံး၊ စိန်နားပန် မီးပုံးပျံ ၂၄ လုံး၊ နေ့လွှတ်ခြေနှစ်ချောင်း ၁၄၇ လုံး၊ ခြေလေးချောင်း ၃၈ လုံး၊ အရုပ်အုပ်စု ၂၃ လုံး၊ စုစုပေါင်း ၂၅၈လုံး ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တဲ့အတွက် မီးပုံးပျံဝါသနာရှင်တွေအနေနဲ့ လာရောက်ကြည့်ရှုလည်ပတ်နိုင်တယ်လို့ သိရပါတယ်။
“ညလွှတ်က အလုံး ၅၀ပါမယ်၊ နေ့လွှတ်က ၂၀၈ လုံးပါဝင်ယှဉ်ပြိုင်မှာပါ။ မီးပုံးပျံပြင်ဆင်မှုတွေကတော့ အားလုံးပြီးစီးနေပြီဖြစ်သလို ပွဲတော်မှာ လွှတ်တင်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဒီနှစ်မှာ လွှတ်တင်မယ့် ညမီးကြီး မီးပုံးပျံတွေက ယမ်း ၂၅ ပိဿပဲ ချိတ်ဆွဲလွှတ်တင်မှာဖြစ်ပါတယ်။ အရင်တုန်းကတော့ ယမ်းချိန် ၄၀ပိဿ ချိတ်ဆွဲလွှတ်တင်ခဲ့တာပါ။ အခု အလုံးငယ် တလုံးကုန်ကျစရိတ်က အရင်က အလုံးကြီး သုံးလုံးစာ ကုန်ကျစရိတ် ဖြစ်နေလို့ပါ”လို့ ပွဲတော်ကျင်းပရေးတာဝန်ရှိသူတယောက်က VOMကို ပြောပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၉ရက်၊ နေ့ပိုင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၅ရက်၊ ညပိုင်းမှာ ကျင်းပသွားမှာဖြစ်သလို အဲဒီဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွေကို နည်းပညာအသစ်အဆန်းတွေ ထည့်သွင်းအသုံးပြုသွားမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော် ကျင်းပပြုလုပ်သွားမှာဖြစ်တာကြောင့် လာမယ့် နိုဝင်ဘာလ ၈ရက်ကနေ ၁၆ရက်အထိ မြို့တွင်းရှိ ဟိုတယ်၊ မိုတယ်အားလုံး ရန်ကုန်၊ နေပြည်တော်စတဲ့ ရပ်ဝေးက ဧည့်သည်တွေ ကြိုတင်ဘိုကင် တင်ထားကြတာကြောင့် ဘိုကင်ပြည့်နေပြီဖြစ်တယ်လို့ ဟိုတယ်ဝန်ထမ်းတွေထံကနေ သိရပါတယ်။
ဓာတ်ပုံ-Phonelay Myat
ပုံစာ-ယခုနှစ်တန်ဆောင်တိုင်မှာ လွှတ်တ