မန္တလေးမြို့က နဂါးနန်းတော်ရွှေဆိုင် ဓားပြတိုက်ခံရ

 

မန္တလေး၊ ဒီဇင်ဘာ ၂၆-၂၀၂၄

Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇လမ်း ၃၂ နဲ့ ၃၃လမ်းကြားရှိ နဂါးနန်းတော် ရွှေဆိုင်မှာ ဒီကနေ့မနက် ၉ နာရီခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” ဆိုင်ကယ်နဲ့လာတဲ့ လူနှစ်ဦးက သေနတ်ပြပြီး တိုက်သွားတယ်လို့ သိရတယ်၊ ပါသွားတဲ့ ရွှေထည်ပစ္စည်း အရေအတွက်တန်ဖိုးကိုတာ့ တွက်ချက်နေဆဲပါ”လို့ ရဲနဲ့နီးစပ်သူ တဦးက ပြောပါတယ်။ လူမှုကွန်ယက်စာမျက်နှာအချို့မှာတော့ နဂါးနန်းတော် ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၁ ပိဿာ‌ ကျော် ပါသွားတယ်လို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ မြောက် ရပ်ကွက်၊ ၇၇လမ်း ၃၆-၃၇လမ်းကြားရှိ ရွှေစင်အကယ်ဒမီ ရွှေဆိုင်မှာ ရွှေ ၄ ပိဿာခန့် ဓားပြတိုက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၄ စက်တင်ဘာ ၁၀ရက် က လည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၁လမ်း ၁၀၁(B)လမ်းရှိ ရွှေဆိုင်ပိုင်ရှင်တဦးဟာ မန္တလေးမြို့ထဲကို ရွှေဆိုင်ဖွင့်ဖို့ ပစ္စည်းတွေသယ်ဆောင်နေတဲ့အချိန် ဓားပြတိုက်လုယက်ခံရမှုဖြစ်ပွားခဲ့ပါ သေးတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ရက်က မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်းနဲ့၈၅လမ်းကြား ၃၉လမ်း နဲ့ လမ်း ၄၀ကြား မန်းမြို့ဈေးအတွင်းက ‘ဆယ်သန်း’ရွှေဆိုင်မှာ ရွှေထည်ပစ္စည်း သိန်း(၅၀၀၀)ကျော် ဓားပြတိုက်ခံရမှု ဖြစ်ခဲ့ပါသေးတယ်။ ၂၀၂၃ ဇန်နဝါရီ ၁၉ ရက်ကလည်း ၃၉လမ်း ၈၄၈၅ကြားက ဆယ်သန်း ရွှေဆိုင်ကို အမျိုးသား (၃)ဦးရောက်လာပြီး ဆိုင်ဝန်ထမ်းအမျိုးသမီးကို သေနတ်အတိုနဲ့ ချိန်ရွယ်ခဲ့ကာ ဆိုင်ကောင်တာအတွင်းက ရွှေထည်ပစ္စည်း သိန်း(၆၀၀၀)ခန့်နဲ့ ငွေသား သိန်း(၂၀၀)တို့ကို ဓားပြတိုက်ယူဆောင်သွားတယလည်း ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၇ရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၇၂နဲ့၇၃လမ်းကြားက “အောင်”ရွှေဆိုင် မှာ ရွှေထည်ပစ္စည်း သိန်း (၁)သောင်း (၁)ထောင်ကျော်ဖိုး ဓားပြတိုက်ခံလိုက်ရပါသေးတယ်။ ဒါ့အပြင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၃၀ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁နဲ့၄၂လမ်းကြားက “ပေါ်ဦး “ရွှေဆိုင်မှာ ရွှေထည်ပစ္စည်းမျိုးစုံ သိန်း(၁)ထောင်ကျော် ဓားပြတိုက်ခံခဲ့ရတာလည်း ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ Photo Crd – Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW