TikTok ကိုဝယ်ယူဖို့ မိုက်ခရိုဆော့ဖ် ဆွေးနွေးနေ

ဝါရှင်တန်၊ ဇန်နဝါရီ-၂၈-၂၀၂၅
ရတီ(VOM)
TikTok ကို ဝယ်ယူဖို့ မိုက်ခရိုဆော့ဖ်ဟာ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီအက်ပလီကေးရှင်းကို ဝယ်ယူရေးမှာ အပြိုင်အဆိုင်တွေ မြင်လိုတယ်လို့ ဆိုပါတယ်။
အမေရိကန်ကုမ္ပဏီအများအပြားဟာ TikTok ကိုဝယ်ယူဖို့ အလွန်စိတ်ဝင်စားနေကြတယ်လို့ ထရန့်ကပြောပါတယ်။ အမေရိကန်အာဏာပိုင်တွေဟာ အမေရိကန်မှာရှိတဲ့ TikTok ရဲ့ လုပ်ငန်းတွေကို ရောင်းချဖို့ တရုတ်အခြေစိုက် ဘိုက်ဒန့်ကုမ္ပဏီကို ဖိအားတွေ ပေးနေခဲ့ပါတယ်။
သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ လက်ထက်မှာတော့ ဒီအက်ပလီကေးရှင်းကို ရောင်းချဖို့ သို့မဟုတ် အမေရိကန်မှာ ပိတ်ပင်ဖို့ တားမြစ်ခဲ့ပြီး အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့်တက်လာချိန်မှာတော့ ဒီတားမြစ်ချက်ကို အချိန် ၇၅ ရက်တိုးပေးခဲ့ပါတယ်။
TikTok ကိုဝယ်ယူရေးနဲ့ပတ်သက်ပြီး ကုမ္ပဏီအများအပြားဟာ ဆွေးနွေးနေကြပြီး လာမယ့် ရက် ၃၀ အတွင်း အက်ပလီကေးရှင်းရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချဖို့ မျှော်လင့်ထားကြောင်း ဒေါ်နယ်ထရန့်က ဆိုပါတယ်။ မိုက်ခရိုဆော့ဖ် တာဝန်ရှိသူတယောက်ကတော့ ခုချိန်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မရှိသေးဘူးလို့ပြောပါတယ်။
တရုတ်အခြေစိုက် ဘိုက်ဒန့်ကုမ္ပဏီပိုင် TikTok အက်ပလီကေးရှင်းဟာ အသုံးပြုတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရထံ မျှဝေနေတယ်လို့ အမေရိကန်အာဏာပိုင်တွေက စွပ်စွဲထားပြီး TikTok ကတော့ ဒီကိစ္စအပေါ် ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW