အမြန်လမ်းက ရွှေပုလ္လင်ဆိုင်မှာ ဘုရားစေတီပုံတွေ တခါသုံးခွက်မှာ ရိုက်နှိပ်အသုံးပြုနေလို့ သက်ဆိုင်ရာကစစ်ဆေးသိမ်းဆည်း

မတ်၁၇၊၂၀၂၅
Ms(VOM)
အမြန်လမ်း၊ ၃၉ မိုင် ယာဉ်ရပ်နားစခန်းရှိရွှေပလ္လင်စားသောက်ဆိုင်မှာ ဘုရားစေတီပုံများ ရိုက်နှိပ်ထားသော တခါသုံးခွက်များကိုအသုံးပြုနေ ကြောင်းတွေ့ရလို့သက်ဆိုင်ရာအုပ်ချုပ်ရေးနဲ့ရဲတပ်ဖွဲ့က စစ်ဆေးသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါရွှေပလ္လင်စားသောက်ဆိုင်တွင် ကော်ဖီနဲ့လက်ဖက်ရည်များထည့်ကာ ရောင်းချနေတဲ့ တခါသုံးခွက်တွေမှာ ဘုရားစေတီပုံနဲ့ မြို့တော်ခန်းမ၊ကရဝိတ် စတဲ့ ပုံတွေထည့်သွင်းရိုက်နှိပ်ထားကြောင်း သတင်းအရ နယ်မြေခံအထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနဲ့ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ ထပ်မံပြီးအသုံမပြုရသေးတဲ့ စေတီပုံပါတခါသုံးခွက်တွေကိုလည်းသိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။
” လူမှုကွန်ယက်မှာ ဝေဖန်မှုတွေများလာလို့ပြီးခဲ့တဲ့မတ်လ၁၆ရက်ညပိုင်းက ဘုရာကြီးအပိုင်းက ထွေအုပ်အဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေ စစ်ဆေးတော့ အဲ့ဒီ့ဘုရားစေတီပုံပါ တခါသုံးခွက်တွေ အသုံးမပြုရသေးတာ၂၅ခွက်တွေ့လို့သိမ်းသွားတယ်လို့ပြောတယ်။တခြားအရေးယူမှုဘယ်လိုရှိလဲတော့မသိသေးဘူး။ ဝေဖန်သူတွေကတော့ သာသနာရေးကို ထိခိုက်အောင်လုပ်တယ်ပြောသူနဲ့ ၊ မြန်မာပြည်ရဲ့အထင်ကရနေရာတွေကို အမှတ်တံဆိပ်တစ်ခုအဖြစ်ဖော်ထုတ်ပြသရာရောက်တယ်လို့ အကောင်းဘက်ကရော၊အဆိုးဘက်ကပါ ဝေဖန်နေကြတာလို့ ဘုရာကြီးမြို့ မှာနေထိုင်တဲ့ဒေသခံတယောက်ကပြောပါတယ်။
တခါသုံးခွက်တွေမှာ ဘုရားစေတီပုံထည့်သွင်းရိုက်နှိပ်တာနဲ့ပတ်သက်ပြီး ၃၉မိုင်က ရွှေပုလ္လင်စားသောက်ဆိုင်က အသုံးမပြုရသေးတဲ့စေတီပုံပါခွက်တွေကိုသိမ်းဆည်းတာသာသိရပြီး ယင်းခွက်တွေကိုထုတ်လုပ်သူအားအရေးယူခြင်းရှိမရှိကိုတော့မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်း မတ်လ၁၆ရက်နေ့က လည်း အွန်လိုင်းsale ရောင်းချရာမှာ သီလရှင်ဝတ်စုံ ဝတ်ကာမရည်ရွယ်ပဲဈေးရောင်းခဲ့မိလို့ သာသနာတော်ကိုစော်ကားတယ်လို့ ဝေဖန်မှုတွေရှိတာကြောင့်မိဘမေတ္တာသင်္ကန်းတိုက်ပိုင်ရှင်အမျိုးသမီးနှစ်ယောက်၊ ဆရာတော် တွေနဲ့သီလရှင်တွေကို ဝန်ချတောင်းပန်ပွဲပြုလုပ်တာတွေလည်းရှိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲကာလ အတွင်း stylist တယောက်ဖြစ်တဲ့ အောင်ကိုမိုးက ဗုဒ္ဓရုပ်ပုံပါတဲ့ဝတ်စုံဒီဇိုင်းနဲ့ပွဲတက်မိလို့ သာသနာရေးဥပဒေပုဒ်မတွေနဲ့အရေးယူရန်ဝေဖန်မှုတွေလည်းရှိခဲ့ရာ ကာယကံရှင် ဘက်မှ ဗုဒ္ဓရုပ်ပုံမဟုတ်ကြောင်းနဲ့ ပုဂံခေတ်ကမိန်းမပျိုပန်းချီပုံသာဖြစ်ကြောင်း ပြန်လည်ဖြေရှင်းမှုတွေလုပ်ခဲ့ရတယ်လို့သိရပါတယ်။
နိုင်ငံတွင်းမှာ ဘာသာရေးနဲ့ပတ်သက်ပါက အထိအခိုက်မခံတာကြောင့် ကုန်ပစ္စည်းအမှတ် တံဆိပ်နဲ့လူသုံးကုန်တွေမှာ ဘာသာရေးဆိုင်ရာတွေထည့်သွင်းအသုံးပြုပါကသတိထားရန်လိုအပ်ပြီး သာသာနာရေးကို ထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်မိပါက သာသနာရေးဆိုင်ရာဥပဒေပုဒ်မ ၂၉၅အရ အရေးယူအပြစ်ပေးတာတွေလုပ်ဆောင်နိုင်တယ်လို့သိရှိရပါတယ်။
Photo- Cj

Related posts

Leave a Comment

VOM News

FREE
VIEW