ထရန့်နဲ့ ပူတင်နဲ့ဆွေးနွေးပြီး နာရီပိုင်းအကြာ ရုရှားနဲ့ယူကရိန်း လေကြောင်းကနေ အပြန်အလှန်တိုက်ခိုက်

ကိဗ်ယက်၊ မတ်-၁၉-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းစွမ်းအင် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာရပ်မယ်လို့ ပူတင်နဲ့ ထရန့်နဲ့ ဆွေးနွေးပြီး နာရီပိုင်းအကြာမှာ ရုရှားနဲ့ ယူကရိန်းတို့ဟာ အပြန်အလှန်လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ရုရှားက ပစ်မှတ်ထားတိုက်ခိုက်တဲ့အထဲမှာ ဆေးရုံတွေလည်း ပါဝင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ဒေါ်နယ်ထရန့်နဲ့ ဆွေးနွေးမှုအတွင်း ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ကျယ်ကျယ်ပြန့်ပြန့် အပစ်ရပ်မယ့် အဆိုပြုချက်ကို ပူတင်က ပယ်ချခဲ့ပါတယ်။
ယူကရိန်းကို မဟာမိတ်တွေက စစ်ရေးအကူအညီပေးတာ ရပ်တန့်မှသာ အပစ်အခတ်ရပ်စဲရေး အပြည့်အ၀ လုပ်ဆောင်မယ်လို့ ပူတင်က ပြောပါတယ်။ ဒီကိစ္စကို ယူကရိန်းရဲ့ ဥရောပမဟာမိတ်တွေက ယခင်ကတည်းက ပယ်ချထားခဲ့ပါတယ်။
စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခို်ကမှုရပ်မယ်လို့ သဘောတူပြီးနာရီပိုင်းအကြာမှာ ရုရှားဟာ ဆူမီရှိ ဆေးရုံအပါအဝင် အရပ်ဘက်အဆောက်အအုံတွေကို ဒရုန်း အစင်း ၄၀ ကျော်နဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကလည်း ယူကရိန်းဒရုန်း ၅၇ စင်းကို ကြားဖြတ်ပစ်ချခဲ့ပြီး ၃၅ စင်းကတော့ ကာ့စ်နယ်စပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် ခရက်စ်နိုဒါ ဒေသမှာ ရေနံချက်စက်ရုံတရုံ အသေးစားမီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
ရှားအနောက်ပိုင်း ကာ့စ်ဒေသက နယ်မြေတွေကို ရုရှားက ပြန်လည်သိမ်းပိုက်နေပါတယ်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ယူကရိန်းတာဝန်ရှိသူတွေနဲ့ ဆော်ဒီအာရေဗျမှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲ ရက် ၃၀ အပစ်ရပ်ရေး အဆိုပြုချက်ကို သဘောတူခဲ့ပါတယ်။
Ref:BBC
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW