ရန်​ကုန်​မိုးပျံ အမြန်လမ်းစီမံကိန်း တင်ဒါအောင်ကုမ္ပဏီကို ဇူလိုင်​ /သြဂုတ်​မှာ​ ကြောညာမယ်

ရန်​ကုန်​ ၊​မေ ၃-၂၀၁၉

သူရိန်

 

ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်း တည်ဆောက်ရေးနဲ့ပတ်သက်ပြီး တင်ဒါအောင်မြင်တဲ့ကုမ္ပဏီကို လာမယ့်​ဇူလိုင်၊ သြဂုတ်လမှာ ထုတ်ပြန်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်​။

 

 

ဒီစီမံကိန်းကိုဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ တို့ ပူးပေါင်းပြီး ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့ကို ဆက်သွယ်ပေးသွားမှာပါ။

 

 

ဒီစီမံကိန်းကို Public Private Partnership (PPP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပြီး စုစုပေါင်း အရှည်က ၄၇ ဒသမ ၅ ကီလိုမီတာ ၊ Phase 1 အဖြစ် အရှေ့ဘက်ခြမ်း (၄)လမ်းသွားလမ်းမကြီး (၁၉)ကီလိုမီတာ၊ အရှေ့နဲ့ အနောက် ချိတ်ဆက်ထားတဲ့ (၄)လမ်းသွား (၆)ကီလိုမီတာ ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆက်သွယ်ထားတဲ့(၂)လမ်းသွား(၂ ဒသမ၅)ကီလိုမီတာ စုစုပေါင်း အရှည် (၂၇ ဒသမ ၅)ကီလိုမီတာ ရှိ​ပါတယ်​။

 

 

ဒီစီမံကိန်းနှင့်​ပက်​သက်​ပြီး၂၀၁၈ ခုနှစ်၊ မေလအတွင်းက စိတ်ဝင်စားမှု အဆိုပြုလွှာ​တွေခေါ်ခဲ့ပြီး  လျှောက်လွှာ ၁၂ စောင် ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာအရည်အသွေးပြည့်မီမှု ကို မူတည်ပြီးအကဲဖြတ်ခဲ့ရာမှာ ကုမ္ပဏီ ၁၀ ခု ကို ဒီဇင်ဘာလတွင် ဆန်ခါတင် ရွေးချယ်ခဲ့ပါတယ်​။

 

 

ဒီထဲမှာတရုတ်ကုမ္ပဏီ ၆ ခုပါဝင်​ခဲ့ပြီး China Communications Construction Company Ltd၊ China Ghzhouba Group.,Ltd၊ CRIG-CDL Consortium၊ Power Construction C၀operation of China, Limited  နဲ့  ပြင်သစ်ကုမ္ပဏီဖြစ်တဲ့ Vinci Highways၊ ဂျပန်က JFEE/Marubeni Consortium၊ ကိုရီးယားက Team Korea Consortium ၊ တရုတ်-မြန်မာ ဖက်စပ် Denso-CSCEC Consortium၊ ထိုင်း-တရုတ် ဖက်စပ် ITD-CSI JV၊ မြန်မာ-ဂျပန်-ထိုင်း ဖက်စပ် BSSIC Consortium တို့ ပါဝင်နေပါတယ်​။

 

 

လာမည့် မေလ ၇ ရက်မှ ၉ ရက်အထိ ဆန်ခါတင်ရွေးချယ်ထားတဲ့ ကုမ္ပဏီ​တွေနဲ့ဆောက်လုပ်ရေး ဝန်ကြီးဌာနက One on One Meeting  ပြုလုပ်သွားမှာဖြစ်​ပြီးဇွန်လမှာတင်ဒါ ယှဉ်ပြိုင်သူ​တွေက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းအဆိုပြုလွှာကို တင်သွင်းရမှာ ဖြစ်ပြီး ဇူလိုင်၊ သြဂုတ်မှာ​တော့ တင်ဒါအောင်မြင်တဲ့ရင်းနှီးမြှုပ်နှံမယ့်​ ကုမ္ပဏီကို ထုတ်ပြန်သွားမှာဖြစ်​ပါတယ်​။

 

ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်းကို လာမယ့်​ ၂၀၂၀ ခုနှစ် ၊ ဇူလိုင်မှာ စတင်တည်ဆောက်မှာဖြစ်​ပြီး ၃ နှစ် အတွင်း ပြီးစီးနိုင်မယ်​လို့ ခန့်မှန်းထားပါတယ်​။

 

 

ဒီစီမံကိန်း အောင်မြင်ရင် ရန်ကုန်မြို့တွင်းမှာ တွေ့ကြုံနေရတဲ့ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ​တွေကို လျှော့ချပေးနိုင်မယ့်​အပြင် စီးပွားရေးအခွင့်အလမ်း​တွေဖွံ့ဖြိုးတိုးတက်ကာ ပြည်သူလူထုရဲ့ လူမှုဘဝလည်း မြင့်မားလာမှာ ဖြစ်​ပါတယ်​။

 

 

ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း(၁)ရဲ့ Pre-Bid Conference နှင့်​ပက်​သက်​လို့ ​မေ ၂ ရက် နံနက်(၀၉း၀၀)နာရီက နေပြည်တော်က Hilton Hotel မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နဲ့ တာဝန်ရှိသူ​တွေ၊ International Finance Corporation (IFC) က တာဝန်ရှိသူ​တွေ၊ စီမံကိန်းကိုရင်းနှီးမြှုပ်နှံမယ့်​အရည်အချင်းပြည့်မီတဲ့ ကုမ္ပဏီအစုအဖွဲ့​တွေနဲ့ နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း၊ စီမံကိန်းအကြံပေးအဖွဲ့အစည်းဖြစ်​တဲ့ IFCက ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း(၁) နဲ့ ပတ်သက်​တဲ့ ရှင်းလင်းပွဲပြုလုပ်​ခဲ့ပါတယ်​။

 

#voiceofmyanmar #ရန်ကုန် #မိုးပျံရထား

 

 

Related posts

Leave a Comment

VOM News

FREE
VIEW