တမူး မေ၃-၂၀၁၉
သစ်တော် (VOM)
တမူးခရိုင် တမူးမြို့မှာ ဒီနေ့မနက် ၉နာရီက ဗိုလ်ချုပ်ပန်းခြံကနေ တမူးမြို့အတွင်းကို လူအင်အား၃၀၀၀်ခန့်ဟာ မြို့တွင်းလှည့်လည်ပြီး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒါအပြင် အဲ့ဒီဗိုလ်ချူပ်ပန်းခြံအတွင်းမှာလည်း စာရေးဆရာ ထင်လင်းဦးနဲ့ တောင်လုံးပြန်တို့က အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သတ်ပြီးဟောပြောခဲ့ကြတယ်လို့သိရပါတယ်။
”တို့အတွက်ဘယ်သူကတန်ဖိုးရှိတယ် ဘယ်သူဘယ်ပါတီက လုပ်ပေးနိုင်တယ်ဆိုတာ သေခြာစဉ်းစားပြီးထောက်ခံပါ”လို့ စာရေးဆရာ တောင်လုံးပြန်က ပြောပါတယ်။
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် တမူးမြို့ကဦးဆောင်သူတစ်ဦးဖြစ်သူ ဒေါ်ချိုချိုအောင်ကတော့ ” ပြည်သူ့ဆန္ဒမပါဘဲရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့ထပ်တူကျအောင်ပြင်ဆင်စေချင်ပါတယ် ဒါမှလဲ ဒီမိုကရေစီရဲ့အနှစ်သာရကို ပြည်သူတွေအပြည့်အဝခံစားနိုင်မယ်လို့” လို့ပြောပါတယ်
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဖွဲ့ပြီးလုပ်နေတာကိုလည်း ထောက်ခံကြောင်း ဆန္ဒပြသူတွေက ထုတ်ဖေါ်ခဲ့ကြပါတယ်။
#voiceofmyanmar #တမူး #၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး