မာန်​အောင်​လေဆိပ်ကို ATR 72-600 လေယဥ်ဆင်းသက်နိုင်အောင် ၂၀၂၇-၂၀၂၈ မှာ အဆင့်မြှင့်တင်လုပ်ဆောင်ပေးမယ်

နေပြည်တော် ဇွန် ၅ – ၂၀၂၆
KKL(VOM)
ATR 72-600 လေယဥ်ဆင်းသက်နိုင်အောင်ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ထဲမှာရှိတဲ့ စမုံတဲ လေယဥ်ကွင်း အဆင့်မြှင့်တင်တဲ့လုပ်ငန်းကို၂၀၂၇-၂၀၂၈ မှာစတင်ဆောင်ရွက်သွားမယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလှ ကပြောပါတယ်။
ဒီကနေ့ နေ့လယ်က ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး တတိယနေ့မှာ မန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း မေးမြန်းတဲ့ မာန်အောင်မြို့နယ်၊ စမုံတဲ လေယာဉ်ကွင်းကို တိုးချဲ့ဆောက် ပေးရန် အစီအစစဉ် ရှိ/မရှိနဲ့ တိုးချဲ့ဆောက်လုပ်ပေးမယ်ဆိုရင် မည်သည့် ဘဏ္ဍာနှစ်မှာ တည်ဆောက်ပေးမည်ကို သိရှိလိုတဲ့ အပေါ် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က ပြန်လည် ဖြေကြားခဲ့မှုအရ သိရတာ ဖြစ်ပါတယ်။
စမုံတဲ လေယဥ်ကွင်းတိုးချဲ့ဆောင်ရွက်ဖို့ လက်ရှိလေယာဉ်ပြေးလမ်းကို ၄၅၀၀ x ၁၀၀ ပေကနေ ပြေးလမ်းတောင်ဘက်ကို ၁၅၀၀x၁၀၀ ပေ တိုးချဲ့နိုင်ဖို့လိုအပ်တဲ့ မြေဧရိယာ ၃၃.၅၆ ဧကကို.သိမ်းဆည်းပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ မြေယာ သီးနှံလျော်ကြေး ပေးချေဆောင်ရွက်ထားတယ်လို့လည်း ဒုဝန်ကြီးကဆက်ပြောပါတယ်။
ပြေးလမ်းတိုးချဲ့ခြင်းနဲ့ ထပ်ပိုးလွှာတင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နိုင်အောင်၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်ပြီးဆောင်ရွက်ပေးသွားမယ်လို့ ပို့ဆောင်ရေး ဒုဝန်ကြီးက ဖြေကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိအနေအထားကတော့ ပို့ဆောင်ရေးဝန်ကြီးဌာနက ၂၄-၄-၂၀၂၆ ရက်နေ့ကစပြီး L 410 လေယာဉ်အမျိုးအစားကိုအသုံးပြုပြီး ရန်ကုန် – မာန်အောင် – ကျောက်ဖြူ -ရန်ကုန် စတဲ့ခရီးစဉ်တွေကို ၁ ပါတ်ကို ၃ ရက် ပုံမှန် ပျံသန်းပြေးဆွဲပေးနေတယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW