မန္တလေးက ပြည်သူ့ဟစ်တိုင်ကွင်း(မနော်ရမ္မံ ညစျေး)ကို ပြည်သူတွေလွတ်လပ်စွာ ဆန္ဒဖော်ထုတ်ရေး နေရာအတွက် ပြန်လည်အသုံးပြုဖို့ လွှတ်တော်မှာမေး

မန္တလေး၊ ဇွန်- ၁၁- ၂၀၂၆
SA(VOM)
ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(သတ္တမနေ့ အခမ်း အနား) မှာ ပြည်ကြီးတံခွန်မြို့နယ်၊ ကိုယ်စား လှယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင် က ပြည်သူတွေ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်နေရာ ရရှိရေးဆောင် ရွက်ပေးနိုင်ဖို့ အစီအစဥ် ရှိ မရှိ မေးမြန်းခဲ့တာဖြစ်ပြီး မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံ ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး က တိုင်းအစိုးရအဖွဲ့ကို တင်ပြမယ်လို့ သိရပါတယ်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းနဲ့ ၆၂ A လမ်း ၃၉ လမ်းနဲ့ ၄၁ လမ်းကြားမှာရှိတဲ့ မနော်ရမ္မံကစားကွင်းမြောက်ဘက်ဘေးက ပြည်သူ့ဟစ်တိုင်ကွင်းကို မနက်ပိုင်းကစပြီး ညနေ ၃ နာရီအတွင်း ပြစ်သူ့ဟစ်တိုင်ကွင်းအဖြစ် ပြန်လည်အသုံးပြုဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရကို တင်ပြသွားမယ်လို့ သိရပါတယ်။
၂၀၁၅ ခုနှစ်ကစပြီး ၂၀၂၄ ခုနှစ်အထိ ပြည်သူ့ဟစ်တိုင်(ပြည်သူ့ရင်ပြင်) အဖြစ်အသုံးပြုခဲ့တဲ့ ကွင်းကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ကစပြီး ညနေ ၄ နာရီကနေ ည ၁၀ နာရီအတွင်း ညစျေးအဖြစ်အသုံးပြုဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးနဲ့ သားသတ်ဌာနက ခွင့်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(သတ္တမနေ့ အခမ်း အနား) အပြီးမှာ ပြည်ကြီးတံခွန်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင် ကို မီဒီယာတွေ တွေ့ဆုံမေးမြန်းခဲ့တာကို အခုလိုဖြေကြားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မနော်ရမ္မံ စျေးကော်မတီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တယောက်က ” ညစျေးမလုပ်ခင်ကတည်းက ဒီစျေးက ပြည်သူ့ဟစ်တိုင်ကွင်းပဲ မနက်ပိုင်းဆိုရင် အဲ့နားက ပြည်သူတွေက ကျန်းမာရေး လေ့ကျင့်ခန်း လာလုပ်ကြပြီးတော့ အခွန်းလွတ်စျေး ပုံစံနဲ့ အသား၊ ငါး လာရောင်းတာလည်း ရှိကြတယ်၊ ညစျေးအနေအနေနဲ့ လေးနာရီ နောက်ပိုင်းမှ အသုံးပြုကြတယ်၊ တကယ်စည်တာက ညနေ ခြောက်နာရီနောက်ပိုင်းမှ စည်တာပါ၊ အခုလွှတ်တော်မှာ တင်ပြတာက ညစျေးကို ထိခိုက်မှုမရှိဘူး၊ ညစျရောင်းပြီးတာနဲ့ အဲ့ဒီစျေးက ကွက်လပ်ကြီးဖြစ်သွားပြီး မနက်ကျ ပြန်သုံးလို့ရတယ်၊ ဟစ်တိုင်ကွင်း အဖြစ်ပြန်သုံးလည်း ညစျေးကို ထိခိုက်မှု မရှိပါဘူးလို့ ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW