စက်တင်ဘာ ၂၃၊ ၂၀၂၆
Shy V (VOM)
KIA ဌာနချုပ်ရှိရာ လိုင်ဇာဘက်မှာ စက်တင်ဘာလ ၂၃ ရက်နေ့ခင်းပိုင်းကစ လေယာဉ်တွေ ဆက်တိုက် ဝဲနေလို့ ကျောင်းတွေပါ ပိတ်ပြီး လေကြောင်းရန် သတိပေးထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လိုင်ဇာဘက် ဒီနေ့ ညနေပိုင်းကစ လေကြောင်း ရန် အချက်ပေး စနစ်တွေနဲ့ ပြင်ဆင်ထားပြီလေယာဉ်တွေ ပျံဝဲ လာတာကြောင့် ကျောင်းတွေလည်း ပိတ်လိုက်တယ်” လို့ ဒေသခံ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
လိုင်ဇာတင်မကပဲ ရှမ်းပြည်နယ်မြောက်ပိုင်းက KIO က ဖွင့်လှစ်ထားတဲ့ ကျောင်းတွေလည်း စက်တင်ဘာ ၂၄ ရက်နေ့ကစ ပိတ်ခိုင်းပြီလို့ သူက ပြောပါတယ်။
ဖားကန့်ဘက်မှာလည်း သတိပေးချက်တွေတော့ရှိတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
KIO/KIA ဘက်ကတော့ လူစု လူဝေးမလုပ်ဖို့၊ နေအိမ်တိုင်း ဗုံးခိုကျင်းတူးထားဖို့၊ အရေးကြီး ကိစ္စ မရှိပါက ခရီးဝေးသွားတာတွေ မလုပ်ဖို့၊ လေကြောင်း သတင်း နားစွင့်ဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။
Photo Crd# ဒေသခံ
