မကွေးတိုင်းကသက်တမ်းလွန် မော်တော်ယာဉ်များ ဒဏ်ကြေးဖြင့် သက်တမ်းပြန်လည်တိုးပေးမည်

နိုဝင်ဘာ ၁၀၊ ၂၀၂၆။
NP (VOM)
​မကွေးတိုင်းထဲက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) ရုံးတွေမှာ မှတ်ပုံတင်ထားတဲ့ သက်တမ်း ၅နှစ်လွန် မော်တော်ယာဉ်တွေကို သတ်မှတ်ဒဏ်ကြေးငွေနဲ့ တရားဝင် သက်တမ်းပြန်လည်တိုးမြှင့်ပေးမယ်လို့ ပခုက္ကူခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
​အဆိုပါ သက်တမ်းတိုးမြှင့်ခွင့် ညွှန်ကြားချက်ကို ပြီးခဲ့တဲ့ သောကြာနေ့ (နိုဝင်ဘာလ ၆ ရက်) က ထုတ်ပြန်ခဲ့ပြီး ညွှန်ကြားချက်ထုတ်ပြန်သည့်နေ့က စ လို့၊
မကွေးတိုင်းအတွင်းက သက်ဆိုင်ရာရုံးတွေမှာ သွားရောက်ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။
​“ပြီးခဲ့တဲ့ သောကြာနေ့က၊ တိုင်းရုံးကညွှန်ကြားချက်ထုတ်တယ်။ အဲဒီနေ့ကတည်းက စလုပ်လို့ရပါတယ် ဒါပေမယ့် သက်တမ်းတိုးရာမှာက ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်း၊ သက်တမ်းကုန်ဆုံးတဲ့ယာဥ်တွေနဲ့ တလအတွင်း ယာဉ်စစ်ခံနိုင်တဲ့ မော်တော်ယာဉ်တွေကိုဘဲ၊ ဒဏ်ကြေးဆောင်ပြီး သက်တမ်းတိုးခြင်း ​ေဆာင်ရွက်နိုင်တယ်လို့” ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးက ပြောပါတယ်။
သက်တမ်းတိုးမြှင့်ရာမှာ ယာဉ်အမျိုးအစားအလိုက် မော်တော်ယာဉ်အခွန်ကို ပုံမှန်အတိုင်းကောက်ခံမှာဖြစ်ပြီး၊ သတ်မှတ် ဒဏ်ကြေး ပေးဆောင်ရတာတွေလည်း ရှိမယ်လို့ ဆိုပါတယ်။
သက်တမ်းလွန် တတန်အောက် မော်တော်ယာဉ်တွေအတွက် ဒဏ်ကြေးငွေ ၂၅,၀၀၀ ကျပ်၊ တတန်နဲ့အထက် မော်တော်ယာဉ်တွေအတွက် ဒဏ်ကြေးငွေ ၅၀,၀၀၀ ကျပ် ပေးဆာင်ရမယ်လို့ သိရပါတယ်။
သက်တမ်းတိုးမြှင့်ဆောင်ရွက်ရာမှာ မော်တော်ယာဉ် လက်ဝယ်ထားရှိသူအနေနဲ့ ယာဉ်မှတ်ပုံတင်စာအုပ် (Owner Book) မူရင်း၊ ယာဉ်သက်သေခံလက်မှတ် (ဝှီးတက်)၊ နိုင်ငံသား စီစစ်ရေးကတ်ပြား (မှတ်ပုံတင်) မိတ္တူ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံချက် (ဆက်သွယ်ရန် ဖုန်းနံပါတ် ပါရှိရမည်)၊ တို့ တင်ပြရမယ်လို့ ဆိုပါတယ်။
ကုမ္ပဏီအမည်ပေါက် ယာဉ်တွေအတွက်ကတော့၊ သက်ဆိုင်ရာကုမ္ပဏီ၏ ဝယ်ယူထားကြောင်းထောက်ခံချက် ပါရှိရမယ်လို့ သိရပါတယ်။
ဒီစီမံချက်ကို မကွေးတိုင်းအတွင်း တည်ငြိမ်မှုမရှိတဲ့ ဒေသတွေနဲ့ လမ်းပန်းဆက်သွယ်ရေးကြောင့် သက်တမ်းတိုးဖို့ ခက်ခဲနေတဲ့ မော်တော်ယာဥ်တွေအတွက် အဆင်ပြေအောင် စီစဥ်ပေးတာဖြစ်ပြီး၊
မကွေး၊ ပခုက္ကူ၊ မင်းဘူးနဲ့ သရက်မြို့တွေမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီဌာနရုံးတွေမှာ သွားရောက် ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။
Photo – VOM

Related posts

✕
VOM News

FREE
VIEW