လက်ပံတန်း၊ ဇွန် ၁၄-၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်းသာယာဝတီခရိုင် လက်ပံတန်းမြို့နယ်လက်ပံတန်း-သာရဝေါမဟာဗျူဟာကားလမ်းမှာဒီရက်ပိုင်းအတွင်းမိုးများပြီးလမ်းပျက်တာကြောင့်ဒေသခံပြည်သူ ရဟန်းရှင်လူတွေသွားလာရေးခက်ခဲပြီးအသက်အန္တရာယ်စိုးရိမ်ရတယ်လို့်ဒေသခံတွေကပြောကြပါတယ်။
`ကျွန်တော့အမေက ရွာကနေရန်ကုန်ကိုအလည်လာရင်း နှလုံးသွေးကြောပိတ်ပြီးကွယ်လွန်သွားတာ အမေ့ကိုရွာပြန်သယ်ချင်ပေမယ့်သယ်လို့မရပါဘူး။ ဒီလမ်းဆိုးဝါးလွန်းလို့ အမေ့ဈာပနကိုတောင် ရွာမှာ လုပ်ခွင့်မရတဲ့အဖြစ်ပါ။ ဒီလမ်းဆိုးရွားတဲ့ဒဏ်ကိုခံစားလာရတာကြာပါပြီပြင်နေတယ်ပြင်နေတယ်အခုထိမကောင်းသေးပါဘူးလို့´ဇီးဖြူကုန်းရွာသားကိုနိုင်နိုင်ကပြောပါတယ်။
လက်ပံတန်း-သာရဝေါမဟာဗျူဟာကားလမ်းဟာ မိုင် (၂၀)ကျော်ရှိပြီးလမ်းတာဘောင်မြှင့်တင်တာနဲ့လမ်းတံတားအဆင့်မြှင့်တာတွေလတ်တလောတံတားတစ်စင်းကိုအောက်ခံပြုပြင်နေတာတွေရှိပါတယ်လို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုး ဦးသူရထွန်းလင်းက ပြောဆိုထားပါတယ်။
“ဒေသခံပြည်သူတွေနေ့စဉ်စားရေးသောက်ရေးအိမ်ဆောက်ပစ္စည်းသူတို့ရဲ့လိုအပ်ချက်တွေကိုဒီလမ်းပိုင်းပြေးဆွဲနေတဲ့ကားတွေကဖြည့်ဆည်းပေးနေတာပါဒီကားလမ်းကပျက်သွားပြီးသွားမရတော့ဘူးဆိုရင်သူတို့ဘဝတွေလည်းပျက်ဆီးသွားတာပါဘဲ”လို့်ယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်ဦးသက်လွင်ကပြောပါတယ်။
မိုင်တိုင်အမှတ် ၅/၂နဲ့၅/၄ကြားမှာတံတားအမှတ်၃/၆ကိုလမ်းတံတားအဆင့်မြှင့်တင်ရေးတွေလုပ်နေတဲ့အတွက်လမ်းလွှဲလုပ်ထားပါတယ်လတ်တလောမိုးရွာလို့အခက်အခဲဖြစ်တာပါဒီတံတားစီမံချက်ကဇွန်လကုန်ထိပါအချိန်နဲ့တပြေးညီလုပ်နေပါတယ်။ ခဏအခက်အခဲဖြစ်တာပါတံတားပြီးရင်လမ်းပြန်ဖွင့်ပေးမှာပါလို့´လက်ပံတန်းမြို့နယ်လမ်းဦးစီးဌာနဦးစီး ဒေါ်ဥမ္မာခင်ကVOMကိုရှင်းပြပါတယ်။
ဒီကားလမ်းကလက်ပံတန်းအနောက်ခြမ်းနဲ့ ဆက်သွယ်ပေးထားတဲ့တစ်ခုတည်းသောမဟာဗျူဟာကားလမ်းဖြစ်ပြီးဒေသခံပြည်သူတွေ အားထားနေရတဲ့လမ်းဖြစ်ပါတယ်။
#voiceofmyanmar #လက်ပံတန်း #သာရဝေါ #မဟာဗျူဟာလမ်း