NLD ပါတီရဲ့ ကိုယ်စားလှယ်တွေကို တိုင်ကြားမှု လျော့မသွားဘဲ ပိုစိပ်လာ

မန္တလေး၊ ဇူလိုင် ၅-၂၀၁၉
ဟိန်းကို (VOM)

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် CEC တွေ လစဉ်လုပ်တဲ့အစည်းအဝေးမှာ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ တို်င်ကြားမှုတွေက လျော့မသွားဘဲ ပိုစိပ်လာတယ်လို့ မန္တလေးမြို့မှာ ဒီနေ့ ဇူလိုင် ၅ ရက် မနက်ပိုင်းက ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ-အစိုးရ-လွှတ်တော် တွေ့ဆုံပွဲမှာ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ” တိုင်ကြားမှုတွေမှာက နေရာလိုချင်တဲ့သူတွေရယ်၊ မဟုတ်မမှန် တိုင်ကြားတဲ့သူတွေ ရှိပါတယ်။ အဲ့လိုတိုင်ကြားမှုတွေအတွက် ကိုယ်စားလှယ်တွေကို အကဲဖြတ်မှတ်တမ်းတစ်ခု ထွက်လာပါတယ်။ မဟုတ်မမှန်တိုင်ကြားသူတွေ ပေါ်လာရင်တော့ ပါတီစည်းကမ်း ထိန်းသိမ်းရေးအရ အရေးယူမှာပါ။” လို့ ပြောဆိုခဲ့တာပါ။

 

ဒါ့အပြင် ကလေးသူငယ်အခွင့်အရေးနဲ့ပတ်သက်ပြီး မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒေသအလိုက် ရှင်းလင်းမှုတွေ လုပ်ဖို့လိုအပ်သလို မြို့နယ်/ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေကိုလည်း တက်နိုင်သမျှ ပါတီနဲ့ ကိုယ်စားလှယ် ညှိနှိုင်းကာ လုပ်ဆောင်ဖို့အတွက် မှာကြားမှုတွေလည်း ရှိခဲ့ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW