ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အုပ်ချုပ်ရေးမှူးကာရီလမ် ကမ်းလှမ်းပြီ

ဟောင်ကောင်၊ ဇူလိုင်-၅-၂၀၁၉ မျိုးဆက် (VOM)   တစ်လကြာမြင့်ပြီဖြစ်တဲ့ နိုင်ငံရေးအကြပ်အတည်းကနေ  ဖိအားတွေလျော့ကျစေဖို့ ကြိုးစားမှုတစ်ရပ်အနေနဲ့ ဟောင်ကောင်တက္ကသိုလ်ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ကမ်းလှမ်းတောင်းဆိုထားတယ်လို့ အုပ်ချုပ်ရေးမှူးရုံးက ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။   တရုတ်အုပ်ချုပ်မှုအောက်ကို ဟောင်ကောင်ပြန်လည်ရောက်ရှိတဲ့ ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဇူလိုင် ၁ ရက်မှာတော့ ဆန္ဒပြသူတွေဟာ ဟောင်ကောင်ပါလီမန်ကို ၀င်ရောက်စီးနင်းခဲ့ကြပါတယ်။   တရုတ်ပြည်မကြီးမှာ တရားစီရင်ဖို့အတွက် ကာရီလမ်ရဲ့  တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းအပေါ် ပြီးခဲ့တဲ့လမှာ ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး တွန်းအားပေးဆောင်ရွက် အားထုတ်မှုတွေကို ဆိုင်းငံ့ထားမယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ပြောဆိုထားပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းကို အပြည့်အ၀ ချက်ချင်းရုပ်သိမ်းပေးဖို့  ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။   အုပ်ချုပ်ရေးမှူး ကာရီလမ်ဟာ တက္ကသိုလ်ကျောင်းသားတွေနဲ့ မကြာသေးမီက…

Read More

ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ မြန်မာဘက်ကို စည်းရုံးဖျောင်းဖျပေးမယ်လို့ တရုတ်ဝန်ကြီးချုပ်ဆို

ပေကျင်း၊ ဇူလိုင်-၅-၂၀၁၉ မျိုးဆက် (VOM)   မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူရေးနဲ့ သူတို့အတွက်လုံခြုံစိတ်ချရတဲ့ အခြေအနေတစ်ခုဖန်တီးဖို့ မြန်မာကို စည်းရုံးဖျောင်းဖျသွားမယ်လို့ တရုတ်ဝန်ကြီးချုပ် လီကားချန်က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဇူလိုင် ၄ ရက်က တွေ့ဆုံဆွေးနွေးရာမှာ ပြောဆိုလိုက်ပါတယ်။     ရိုဟင်ဂျာပြဿနာကို မြန်မြန်ဆန်ဆန်ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ တရုတ်ဝန်ကြီးချုပ်လီကားချန်က ပြောဆိုခဲ့ပြီး  မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ညှိနှိုင်းဖြေရှင်းဖို့လည်း တိုက်တွန်းပြောဆိုပါတယ်။     ဘင်္ဂါလီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် မိမိတို့ အနေနဲ့  တရုတ်နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံသို့ နှစ်ကြိမ် စေလွှတ်ခဲ့ပြီးဖြစ်တယ်လို့ သူကပြောပါတယ်။ ဒါ့အပြင် ဘင်္ဂါလီပြဿနာအတွက် အဖြေတစ်ရပ်ကို မြန်မာ- ဘင်္ဂလားဒေ့ရှ်အကြားဆွေးနွေး ညှိနှိုင်း အဖြေရှာနိုင်ဖို့ လိုအပ်တယ်ဆိုရင် တရုတ်နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံသို့…

Read More

ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်မြေအောက်ဆေးရုံဟောင်းနယ်မြေ ရှာဖွေတူးဖေါ်မှု ရပ်ဆိုင်းထားရ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အကူအညီလိုအပ်

အင်းတော်၊ ဇူလိုင် ၅ – ၂၀၁၉ ဖြူဖြူ(VOM)   စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲမှာရှိတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်မြေအောက်ဆေးရုံဟောင်းနယ်မြေဖြစ်တဲ့ ကြာအင်းကုန်းမှာ ဂျပန်ခေတ်လက်ကျန်ပစ္စည်းတွေ ရှာဖွေတူးဖော်မှု ဆက်လက်လုပ်ဆောင်ဖို့ အခက်အခဲရှိနေတာကြောင့် ရပ်နားထားတယ်လို့ သိရပါတယ်။   ဒုတိယကမ္ဘာစစ်အတွင်းတုန်းက  ဂျပန်တပ်ဟာ အင်းတော်မြို့မှာ ၂ နှစ် ၇ လ လောက်တပ်စွဲခဲ့ပြီး ကြာအင်းကုန်းမှာ ဂျပန်စစ်ဆေးရုံအဖြစ် အသုံးပြုခဲ့သလို စစ်ပစ္စည်းသိုလှောင်ရေးဌာနအဖြစ်လည်း အသုံးပြုခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ဒါကြောင့် ရှေးဟောင်းဝါသနာရှင်တွေ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက အဲဒီဒေသတဝိုက်မှာ  ရှာဖွေတူးဖော်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။   တူးဖော်တွေ့ရှိထားတဲ့ ဂျပန်ခေတ် ပစ္စည်းတွေကို အဲ့ဒီနေရာအနီးမှာပဲ “World War II Memorial “ဆိုတဲ့ ပြတိုက် ဖွင့်လှစ်ပြီး ပြသထားပါတယ်။ ကြာအင်းကုန်းနဲ့ အနီးတ၀ိုက်ရွာတွေက ဒေသခံတွေဟာ လွန်ခဲ့တဲ့…

Read More

NLD ပါတီရဲ့ ကိုယ်စားလှယ်တွေကို တိုင်ကြားမှု လျော့မသွားဘဲ ပိုစိပ်လာ

မန္တလေး၊ ဇူလိုင် ၅-၂၀၁၉ ဟိန်းကို (VOM)   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် CEC တွေ လစဉ်လုပ်တဲ့အစည်းအဝေးမှာ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ တို်င်ကြားမှုတွေက လျော့မသွားဘဲ ပိုစိပ်လာတယ်လို့ မန္တလေးမြို့မှာ ဒီနေ့ ဇူလိုင် ၅ ရက် မနက်ပိုင်းက ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ-အစိုးရ-လွှတ်တော် တွေ့ဆုံပွဲမှာ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ” တိုင်ကြားမှုတွေမှာက နေရာလိုချင်တဲ့သူတွေရယ်၊ မဟုတ်မမှန် တိုင်ကြားတဲ့သူတွေ ရှိပါတယ်။ အဲ့လိုတိုင်ကြားမှုတွေအတွက် ကိုယ်စားလှယ်တွေကို အကဲဖြတ်မှတ်တမ်းတစ်ခု ထွက်လာပါတယ်။ မဟုတ်မမှန်တိုင်ကြားသူတွေ ပေါ်လာရင်တော့ ပါတီစည်းကမ်း ထိန်းသိမ်းရေးအရ အရေးယူမှာပါ။” လို့ ပြောဆိုခဲ့တာပါ။   ဒါ့အပြင် ကလေးသူငယ်အခွင့်အရေးနဲ့ပတ်သက်ပြီး မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒေသအလိုက် ရှင်းလင်းမှုတွေ လုပ်ဖို့လိုအပ်သလို မြို့နယ်/ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေကိုလည်း တက်နိုင်သမျှ ပါတီနဲ့ ကိုယ်စားလှယ်…

Read More

မန္တလေးတိုင်း အန်အယ်လ်ဒီပါတီရဲ့ ပါတီဝင်-အစိုးရ-လွှတ်တော်တွေ့ဆုံပွဲ

မန္တလေး – ဇူလိုင် ၅-၂၀၁၉ ဟိန်းကို+နေလင်း   မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီ-အစိုးရ-လွှတ်တော်တွေ့ဆုံပွဲကို ဒီနေ့ဇူလိုင်၅ရက်မနက်ပိုင်းက လမ်း၈၀ ယူနန်ဘုံကျောင်းခမ်းမမှာပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဒေါက်တာဇော်မြင့်မောင်က လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုရှယ်မီဒီယာအသုံးပြုတာ သတိထားဖို့နဲ့ တိုင်စာတွေပိုများလာတဲ့ကိစ္စတွေအပြင် ဒေသဖွံ့ဖြိုးရေးတွေအားသွန်ခွန်စိုက်လုပ်ဖို့နဲ့  ပြည်သူနဲ့ပိုမိုထိတွေ့ဖို့တွေ ပြောခဲ့ပါတယ်။   ဗီအိုအမ်သတင်းဌာနက ဟိန်းကိုနဲ့ နေလင်း ရိုက်ကူးတင်ပြထားပါတယ်။   #voiceofmyanmar  #မန္တလေး #ပါတီ #အစိုးရ #လွှတ်တော် #တွေ့ဆုံပွဲ #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #အန်အယ်လ်ဒီ

Read More

မြစ်ရေမြင့်တက်လာတဲ့အတွက် စင်္ဘောကိုင်းစခန်းက ဒုက္ခသည်တွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားရ

မြောက်ဦး၊ ဇူလိုင် ၅-၂၀၁၉ ခိုင်လင်းစံ (VOM)     မိုးတွင်းကာလကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် လေးမြို့မြစ်ရေဟာ မြင့်တက်လာနေတာကြောင့် မြောက်ဦးမြို့နယ်အတွင်းက စင်္ဘောကိုင်း စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေကို ကျေးရွာအတွင်းက နေအိမ်တွေမှာ ယာယီပြောင်းရွှေ့ထားရတယ်လို့ စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။   အဲ့ဒီစခန်းဟာ လေးမြို့မြစ်အထက်ပိုင်းက စင်္ဘောကိုင်းကျေးရွာအရှေ့ဘက် မြစ်ဝှမ်းသဲသောင်ခုံပေါ်မှာ ယာယီ တည်ဆောက်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ မေလကနေစတင်ပြီးတော့ မြစ်ရေမြင့်တက်လာခဲ့တဲ့အတွက် အခုလို ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။   “အဲ့ဒီမှာနေလို့ မရတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေကို ရွာထဲကို ပြောင်းရွှေ့ထားရပါတယ်။ မြစ်ရေတက်လာတော့ စခန်းတစ်ခုလုံးကို ရေဝင်လာတယ်။ ဒါကြောင့် နေအိမ်တွေမှာပဲ ယာယီ နေရာချပေးထားရတာပေါ့။”လို့ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။   လက်ရှိမှာ အဲ့ဒီစခန်းကို နေရာပြောင်းရွှေ့လိုက်ရတဲ့အတွက် ဒုက္ခသည်တွေကို ယာယီထားပေးမယ့် တဲအိမ်တွေ ဆောက်လုပ်ဖို့ အခက်အခဲရှိနေပြီး နေအိမ်တချို့ကိုတော့ အပြည်ပြည်ဆိုင်ရာ…

Read More

ရန်ကုန်မှာ ပြသလိုင်စင်မရှိဘဲ TV ပြသ လုပ်ကိုင်နေတဲ့ဆိုင်တွေ တွေ့ရင် အရေးယူမယ်

ရန်ကုန် ၊ဇူလိုင် ၅ – ၂၀၁၉ သိဂီ င်္(VOM)   ရန်ကုန်တိုင်းအတွင်းမှာ ပြသလိုင်စင်မရှိဘဲ TV ပြသ လုပ်ကိုင်နေတဲ့ဆိုင်တွေ တွေ့ရှိရင် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံ  မင်္ဂလာဒုံမြို့နယ်  မြို့နယ် ဗီဒီယိုအခြေခံအဖွဲ့ကနေ သိရပါတယ်။   တိုင်းအတွင်းက စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ အလှပြုပြင်ရေးဆိုင်၊ အအေးဆိုင်တွေမှာ  ပြသလိုင်စင်မရှိဘဲ TV ပြသနေရင် ၃၂(က) လိုင်စင်မဲ့ ဗီဒီယိုစည်းမျဉ်း / စည်းကမ်းဥပအေရ အရေးယူသွားမှာ ဖြစ်ပါတယ်။   အရင်ကတည်းက အရေးယူမှုတွေရှိခဲ့ပေမယ့် ထိထိရောက်ရောက်ဆောင်ရွက်မှု အားနည်းတာကြေင့် ဒီနှစ်မှာ စီမံချက်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။   “အခုနှစ်ကစပြီးတော့  ဒီစီမံချက်နောက်ပိုင်းမှာ အရမ်းဆိုးဆိုးရွားရွားတွေ ရှိလာတာတွေ့ရင် အရေးယူတာတွေ ရှိလာပါမယ်။” လို့ မင်္ဂလာဒုံမြို့နယ် ဗီဒီယိုအခြေခံအဖွဲ့ အတွင်းရေးမှူး ကိုထွန်းက ပြောပါတယ်။  …

Read More
VOM News

FREE
VIEW