ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ မြန်မာဘက်ကို စည်းရုံးဖျောင်းဖျပေးမယ်လို့ တရုတ်ဝန်ကြီးချုပ်ဆို

ပေကျင်း၊ ဇူလိုင်-၅-၂၀၁၉

မျိုးဆက် (VOM)

 

မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူရေးနဲ့ သူတို့အတွက်လုံခြုံစိတ်ချရတဲ့ အခြေအနေတစ်ခုဖန်တီးဖို့ မြန်မာကို စည်းရုံးဖျောင်းဖျသွားမယ်လို့ တရုတ်ဝန်ကြီးချုပ် လီကားချန်က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဇူလိုင် ၄ ရက်က တွေ့ဆုံဆွေးနွေးရာမှာ ပြောဆိုလိုက်ပါတယ်။

 

 

ရိုဟင်ဂျာပြဿနာကို မြန်မြန်ဆန်ဆန်ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ တရုတ်ဝန်ကြီးချုပ်လီကားချန်က ပြောဆိုခဲ့ပြီး  မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ညှိနှိုင်းဖြေရှင်းဖို့လည်း တိုက်တွန်းပြောဆိုပါတယ်။

 

 

ဘင်္ဂါလီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် မိမိတို့ အနေနဲ့  တရုတ်နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံသို့ နှစ်ကြိမ် စေလွှတ်ခဲ့ပြီးဖြစ်တယ်လို့ သူကပြောပါတယ်။ ဒါ့အပြင် ဘင်္ဂါလီပြဿနာအတွက် အဖြေတစ်ရပ်ကို မြန်မာ- ဘင်္ဂလားဒေ့ရှ်အကြားဆွေးနွေး ညှိနှိုင်း အဖြေရှာနိုင်ဖို့ လိုအပ်တယ်ဆိုရင် တရုတ်နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံသို့ ထပ်မံစေလွှတ်မယ်လို့ လီကားချန်က ပြောပါတယ်။

 

 

ရိုဟင်ဂျာပြသနာကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုပါ ထိခိုက်နေပြီး ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်ဖို့ အလွန်အရေးကြီးသလို ဒါဟာ တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်တယ်လို့ ဘင်္ဂလားဝန်ကြီးချုပ် ဟာစီနာက ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

Ref : Dailystar,bdnews24

Photo : bdnews24

 

#voiceofmyanmar # ရိုဟင်ဂျာတွေပြန်ခေါ်ဖို့ #မြန်မာဘက်ကို စည်းရုံးဖျောင်းဖျပေးမယ် #တရုတ်ဝန်ကြီးချုပ်လီကားချန် # ဘင်္ဂလားဒေ့ရှ် #ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW