ခန္တီးမြို့နယ် နန်းဖီးလင်းချောင်းဝမှာ လူသက်မှုကျုးလွန်ခဲ့တဲ့ ရှမ်းနီလက်နက်ကိုင်အချို့ကို မတရားသင်းဥပဒေနဲ့ပါ အမှုဖွင့်

ခန္တီး၊ ဇူလိုင် ၁၃ – ၂၀၁၉

ခန္တီးဆောင်း(VOM)

 

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် နန်းဖီးလင်းချောင်းဝမှာ ပယင်းမှော်အပြန် ပစ္စည်းလုယက်ပြီး လူသက်ထွက်ပြေးသွားခဲ့တဲ့ ရှမ်းနီလက်နက်ကိုင်လေးဦးကို ၁၇(၁) နဲ့ပါ အမှုဖွင့်ထားတယ်လို့ ခန္တီးမြို့မ ရဲစခန်းက သိရပါတယ်။

 

ဧပြီလ ၁၁ ရက်က နန်းဖီးလင်းချောင်း ဒေသခံအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပယင်းမှော်အပြန်မှာ အသတ်ခံခဲ့ရတာဖြစ်ပြီး အဲဒီအတွက် ဧပြီလ ၁၇ ရက်မှာတော့ ဇွဲထက်(ခ)ထွန်းထွန်း၊ သက်မောင်၊ မောင်အုန်းနဲ့ အောင်သူတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

 

သူတို့လေးဦးထဲက နှစ်ဦးကို လုယက်မှု၊ လူသတ်မှု အပါအဝင် မတရားအသင်း ဥပဒေပုဒ်မ၁၇(၁)နဲ့ပါ အမှုဖွင့်ထားပြီး ကျန်နှစ်ဦးကိုတော့ မတရားအသင်း ဥပဒေပုဒ်မ၁၇(၁)နဲ့သာ အရေးယူထားတယ်လို့ ခန္တီးမြို့မစခန်းက သိရပါတယ်။

 

“ပစ္စည်းတွေ လု၊ လူလည်း သတ်သွားခဲ့တယ်။ တပ်မတော်စစ်ကြောင်း တွေ့ပြီး ဖမ်းဆီးခဲ့တယ်။ လူသတ်တရားခံ နှစ်ဦးဖြစ်တဲ့ ဇွဲထက်၊ သက်မောင်တို့ကို ရာဇသက်ကြီးပုဒ်မ ၃၉၇/၃၀၂ နဲ့ အမှုဖွင့်တယ်။ နောက်ပြီး မတရာသင်း ဥပဒေပုဒ်မ ၁၇(၁) ပုဒ်မတွေပါ ပေါင်းပြီး အမှုဖွင့်အရေးယူခဲ့တယ်။” လို့ ခန္တီးမြို့မ ရဲစခန်း စခန်းမှူး ဒုရဲမှူး ဦးအေးချိုက ပြောပါတယ်။

 

ဒီအမှုအတွက် ခန္တီးမြို့ စစ်ဗျူဟာရုံး ဗိုလ်ကြီးသန့်ဇင်အောင်က တရားလိုတိုင်တန်းခဲ့တာဖြစ်ပြီး ကနဦးက လူသတ်မှု၊ လုယက်မှုတွေနဲ့ တရားစွဲဆိုခဲ့ရာကနေ မနေ့ ဇူလိုင် ၁၂ ရက်မှာတော့ မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)နဲ့ပါ အရေးယူပေးဖို့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

 

#voiceofmyanmar #ခန္တီး #နန်းဖီးလင်းချောင်းဝ #လူသက်မှုကျုးလွန်ခဲ့ #ရှမ်းနီလက်နက်ကိုင်အချို့ #မတရားသင်းဥပဒေ ၁၇ (၁) # ၃၉၇/၃၀၂ #စစ်ကိုင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW