တိမ်ညိုကယ်ဆယ်ရေးစခန်း ရေနစ်မြုပ် ဒုက္ခသည်တွေ ပြောင်းရွှေ့နေရ

မြောက်ဦး၊ ဇူလိုင် ၁၃-၂၀၁၉ ခိုင်လင်းစံ (VOM)   ပြီးခဲ့တဲ့ ဇွန်လအတွင်းကစတင်ပြီးတော့ ရခိုင်ပြည်နယ်အတွင်းမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ပြည်နယ်အတွင်းက မြို့တော်တော်များများမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။   အဲ့ဒီမိုးရေတွေ ပြည့်လျှံပြီးတော့ ဇူလိုင် ၁၃ ရက် ဒီကနေ့မှာတော့ မြောက်ဦးမြို့နယ်အတွင်းက တိမ်ညိုကယ်ဆယ်ရေးစခန်းကို ရေနစ်မြုပ်ခဲ့တာဖြစ်ပြီး စခန်းအတွင်းမှာ နေထိုင်တဲ့ ဒုက္ခသည်တွေကို နီးစပ်ရာနေရာတွေမှာ ပြောင်းရွှေ့နေကြရတာ ဖြစ်ပါတယ်။   “ရေက တစ်နေ့ကနေ တက်လာတယ်။ ဒီနေ့မှာတော့ လုံးဝနေလို့ မရတဲ့အနေအထားထိကို ဖြစ်သွားတယ်။ အနိမ့်ပိုင်းနေရာတွေမှာရှိတဲ့ အိမ်တွေရဲ့ကြမ်းခင်းတွေပါ မြုပ်နေပါတယ်။ ဒါကြောင့် လူတွေကို နီးစပ်ရာ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့ထားရတယ်။ တချို့သန်သန်မာမာလူတွေကတော့ စခန်းမှာပဲဖြစ်သလို နေကြရတယ်။ နေမယ့်နေရာလည်း မရှိဘူး ဖြစ်နေတယ်။”လို့ တိမ်ညိုကယ်ဆယ်ရေးခစန်းကော်မတီ ဥက္ကဌ ဦးဝေလှအောင်က ပြောပါတယ်။   တိမ်ညိုကယ်ဆယ်ရေးစခန်းမှာ…

Read More

ရွှေကျင်​မြို့နယ်​ ငြိမ်းချမ်း​ရေးအဖွဲ့ ကွန်​ဖဲ့အထူး​ဒေသမှာ စာသင်​​ကျောင်းနဲ့​ ဆေး​ပေးခန်း​တွေမရှိလို့ အခက်​အခဲဖြစ်​​နေ

ရွှေကျင်​၊ ဇူလိုင်​ ၁၃ -၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း ​ရွှေကျင်​မြို့နယ်​ ငြိမ်းချမ်းရေးအဖွဲ့ ကွန်​ဖဲ့အထူး​ဒေသမှာ စာသင်​​ကျောင်း၊ ​ဆေး​ပေးခန်းနဲ့ လမ်း​တွေ ပြုပြင်​​ပေးမှုမရှိလို့  ​ဒေသခံ​တွေ အခက်​အခဲဖြစ်​​နေတဲ့အတွက် ဒီ​နေ့​ ဇူလိုင် ၁၃ ရက်မှာ တိုင်းဝန်​ကြီးချုပ်​နဲ့ လူထု​တွေ့ဆုံပွဲမှာ ထပ်မံ ​တောင်းဆိုခဲ့တယ်​လို့ KNU/KNLA ငြိမ်းချမ်း​ရေးအဖွဲ့က ​သိရပါတယ်​။   “ကျနော်တို့ဒေသမှာ ကျန်းမာရေး ဆေးပေးခန်း၊ ဆေးရုံ မရှိတဲ့အခါကျတော့ ၁၇ မိုင်လောက်ဝေးတဲ့ ရွှေကျင်မြို့နယ်ကို သွားရတယ်။ နွေရာသီမှာတော့ ကားနဲ့သွားလို့ရတယ်။ မိုးတွင်းမှာတော့ သွားလို့မရဘူး။ ရေလမ်းနဲ့ပဲသွားလို့ရတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း တအားခက်ခဲတယ်။ ကလေးတွေလည်း ကွန်ဖဲ့မှာပဲ ကိုယ်ထူကိုယ်ထနဲ့ စာသင်နေရတယ်။ ဒါကြောင့် စာသင်ကျောင်းရချင်တယ်။” လို့ ကွန်ဖဲ့ငြိမ်းချမ်းရေးအထူးဒေသ ဥက္ကဌ ဦးစောထီးမှူးက ပြောပါတယ်။   အဲဒီဒေသဟာ အရင်က အထက်တန်းကျောင်းရှိခဲ့ပေမယ့် စစ်ပွဲဖြစ်ပွားမှုတွေကြောင့်…

Read More

ခန္တီးမြို့နယ် နန်းဖီးလင်းချောင်းဝမှာ လူသက်မှုကျုးလွန်ခဲ့တဲ့ ရှမ်းနီလက်နက်ကိုင်အချို့ကို မတရားသင်းဥပဒေနဲ့ပါ အမှုဖွင့်

ခန္တီး၊ ဇူလိုင် ၁၃ – ၂၀၁၉ ခန္တီးဆောင်း(VOM)   စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် နန်းဖီးလင်းချောင်းဝမှာ ပယင်းမှော်အပြန် ပစ္စည်းလုယက်ပြီး လူသက်ထွက်ပြေးသွားခဲ့တဲ့ ရှမ်းနီလက်နက်ကိုင်လေးဦးကို ၁၇(၁) နဲ့ပါ အမှုဖွင့်ထားတယ်လို့ ခန္တီးမြို့မ ရဲစခန်းက သိရပါတယ်။   ဧပြီလ ၁၁ ရက်က နန်းဖီးလင်းချောင်း ဒေသခံအမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပယင်းမှော်အပြန်မှာ အသတ်ခံခဲ့ရတာဖြစ်ပြီး အဲဒီအတွက် ဧပြီလ ၁၇ ရက်မှာတော့ ဇွဲထက်(ခ)ထွန်းထွန်း၊ သက်မောင်၊ မောင်အုန်းနဲ့ အောင်သူတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။   သူတို့လေးဦးထဲက နှစ်ဦးကို လုယက်မှု၊ လူသတ်မှု အပါအဝင် မတရားအသင်း ဥပဒေပုဒ်မ၁၇(၁)နဲ့ပါ အမှုဖွင့်ထားပြီး ကျန်နှစ်ဦးကိုတော့ မတရားအသင်း ဥပဒေပုဒ်မ၁၇(၁)နဲ့သာ အရေးယူထားတယ်လို့ ခန္တီးမြို့မစခန်းက သိရပါတယ်။   “ပစ္စည်းတွေ လု၊ လူလည်း သတ်သွားခဲ့တယ်။ တပ်မတော်စစ်ကြောင်း…

Read More

ထိုင်ဝမ်ကိုလက်နက်ရောင်းမယ့် အမေရိကန်ကုမ္ပဏီတွေကို တရုတ်နိုင်ငံက အရေးယူပိတ်ဆို့သွားမယ်

ပေကျင်း၊ ဇူလိုင်-၁၃-၂၀၁၉ မျိုးဆက်(VOM)   ထိုင်ဝမ်ကို  ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ တင့်ကားတွေ၊ ဒုံးပျံတွေနဲ့  ဆက်စပ်ပစ္စည်းတွေ ရောင်းချဖို့ သဘောတူညီချက်မှာပါဝင်တဲ့ အမေရိကန်ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့မှုတွေချမှတ်မယ်လို့ တရုတ်နိုင်ငံက ဇူလိုင် ၁၂ ရက်မှာ သတိပေးပြောဆိုလိုက်ပြီး အဲဒီရောင်းချမှုဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။   ထိုင်ဝမ်ရဲ့ တောင်းဆိုမှုကြောင့် ဂျင်နရယ်ဒိုင်းနမစ်ကော်ပိုရေးရှင်းက အေဘရမ်တင့်ကား ၁၀၈ စီး၊ ရေသီယွန်ကုမ္ပဏီက ထုတ်လုပ်တဲ့  စတင်းဂါး ဒုံးကျည် ၂၅၀ ကို ရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုထားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။   ဒီလို လက်နက်တွေရောင်းချတာဟာ ဒေသတွင်း စစ်ရေးမျှခြေကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ပင်တဂွန်က ဆိုပါတယ်။ ဒါပေမယ့် တစ်နှစ်ကြာ…

Read More

မန္တလေးအိုးဘိုထောင်ကနေ ၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ ကျောင်းသားတွေကို ဂုဏ်ပြု

မန္တလေး၊ ဇူလိုင် ၁၃ – ၂၀၁၉ ရဲရင့်မင်းခန့် (VOM)   မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို)ကနေ ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုအောင်မြင်သူ ၄၂ ဦးရှိပြီး ဒီနေ့ ဇူလိုင်လ ၁၃ ရက် မနက်ပိုင်းမှာတော့ အဲဒီကျောင်းသားတွေအတွက် ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ပါတယ်။   ဂုဏ်ပြုပွဲ အခမ်းအနားကို မန္တလေးအိုးဘိုထောင် အပြင်ဖက်က ဓမ္မာရုံမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်ခဲ့တဲ့ကျောင်းသား၊ ကျောင်းသူတွေထဲမှာ  ၂ ဘာသာ ဂုဏ်ထူးရှင် ၃ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင်  ၁၁ ဦးနဲ့ ရိုးရိုးအောင် ၂၈ ဦး ပါဝင်ပါတယ်။   ဂုဏ်ထူးရရှိသူတွေအတွက် တစ်ဦးကို ဂုဏ်ပြုငွေ တစ်သိန်းကျပ်နှုန်း ချီးမြှင့်ခဲ့ပြီး ရိုးရိုးအောင်မြင်သူတွေကို တစ်ဦးငါးသောင်းနှုန်း ချီးမြှင့်ခဲ့တဲ့အပြင် အကျဉ်းကျ…

Read More

မြစ်ကြီးနားရေကြီးမှု စိုးရိမ်ရေအမှတ်​ထက် ကျော်​လွန်​ ကယ်​ဆယ်​​ရေးတိုးမြှင့်​​ဆောင်​ရွက်​​နေရ

မြစ်ကြီးနား၊ ဇူလိုင် ၁၃ -၂၀၁၉ ရန်အောင်ထွန်း(VOM)   မြစ်ကြီးနားမြို့ မြစ်ရေတိုးနေမှုဟာ ဇူလိုင်​ ၁၂ ရက် ညပိုင်း ၁၂ နာရီတိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်ထက် ၂၅ စင်တီမီတာ ကျော်လွန်နေပြီ ဖြစ်ပြီး ကယ်ဆယ်ရေးတိုးမြှင့်ဆောင်ရွက်နေရတယ်လို့ မြစ်ကြီးနားမြို့နယ် ဒု မီးသတ် ဦးစီးမှူးက ဆိုပါတယ်။     မြစ်ကြီးနားမြို့  စိုးရိမ်ရေအမှတ်ဟာ ၁၂၀၀ စင်တီမီတာဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်း တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ၁၂၂၅ စင်တီမီတာကို ရောက်ရှိနေတာပါ။ ဒါကြောင့် မြို့တွင်းရေကျော်လမ်း တချို့ကိုလည်း ပိတ်ဆို့ထားရပါတယ်​။     အနိမ့်ပိုင်းရပ်ကွက်တွေ ရေ၀င်မှုကလည်း တိုးလာနေပြီး လက်ရှိအချိန်ထိ ရပ်ကွက် ၁၄ ခုက ရေနစ်မြုပ်နေတဲ့ အိမ်ထောင်စု ၆၄၇ စုမှာ နေထိုင်သူ လူဦးရေ ၃၂၆၉…

Read More

မင်းတုန်းမှာ စက်လှေမှောက် ​ကျောင်းသူ ၄ ဦးပျောက်ဆုံးနေ

မင်းတုန်း၊ ဇူလိုင် ၁၂ -၂၀၁၉ ဂျန်ကိုးလ်(VOM)     မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့မင်းတုန်းချောင်းမှာ ဒီ​နေ့ (ဇူလိုင်​ ၁၂ ရက်​) ​နေ့လည်​ပိုင်းက ​ကျောင်းကြိုစက်လှေတစ်​စီးတိမ်းမှောက်လို့ ​ကျောင်းသူ ၄ ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်​။   မင်းတုန်းမြို့ရဲ့တဘက်ကမ်းမှာရှိတဲ့ ​ပေါက်ကိုင်းရွာကနေမင်းတုန်းမှာကျောင်းတက်ကြရတဲ့  ​ကျောင်းသူ၊​ကျောင်းသားတွေ ​ကျောင်းဆင်းချိန်အိမ်အပြန်မှာ အသက်၂၄ နှစ်အရွယ် ဇာနည်အောင်မောင်းနှင်တဲ့ စက်လှေဟာ ​ရေစီးသန်တဲ့ချောင်းအလယ်မှာ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်​။   ”မူးချောင်းနဲ့မင်းတုန်းချောင်းခေါ် မထုံးချောင်းဆုံ​​နေရာမှာ ​ရေစီးပိုကြမ်းတယ်။ အဲဒီနေရာမှာ ရေစီးကိုမလှန်နိုင်ဘဲ ​မှောက်သွားတာ။ စက်လှေက ကြီးပါတယ်။ ၂၅ ​တောင်အရှည်ရှိတယ်။ ကျနော်တို့စက်လှေ ၃ စီးနဲ့ရှာနေတာ။”လို့ သဘာဝဘေး ကယ်တင်ရေး ပရဟိတအသင်းက ဦးမြင့်အောင်က ​ပြောပါတယ်​။   ရေထဲမှာ ​မျောပါပျောက်ဆုံးနေသူတွေက​တော့ ၇တန်း​ကျောင်းသူ နှစ်ဦးဖြစ်တဲ့ ​​မသက်မွန်ဇူလိုင် (၁၃နှစ်)နဲ့ မဇွန်ပွင့်ဖြူ (၁၃နှစ်)၊…

Read More

နေပြည်တော် လွှတ်တော်ကိုယ်စားလှယ် ဧည့်ရိပ်သာမှာ ပျောက်တဲ့ လက်ဝတ်လက်စားတွေကို ခိုးသူဟာ အခြားလွှတ်တော်ကိုယ်စားလှယ်ရဲ့ ချွေးမဖြစ်

နေပြည်တော်၊ ဇူလိုင် ၁၃-၂၀၁၉ ကိုထွန်း (VOM)   လုံခြုံရေး အထပ်ထပ် စစ်ဆေးခံပြီးမှဝင်ရတဲ့ နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဧည့်ရိပ်သာမှာ ရန်ကုန်တိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်​ဦးရဲ့ ဇနီးပိုင် လက်ဝတ်လက်စားတွေ ​​ပျောက်​ဆုံးမှုဖြစ်​ပွားခဲ့ပြီး ဒီ​နေ့မှာ​တော့ ခိုးယူသူကို ဖမ်းဆီးရမိပြီလို့ ဇမ္ဗူသီရိမြို့နယ်၊အမှတ်(၁)မြို့မရဲစခန်းက သိရပါတယ်​။     ရန်​ကုန်​တိုင်း ပြည်​သူ့လွှတ်​​တော်​ ကိုယ်​စားလှယ်​တစ်ဦး​ရဲ့ ဇနီးပိုင်​ သိန်းတစ်​ရာ​ကျော်​ဖိုးရှိ လက်​၀တ်​လက်​စား​တွေ ဇူလိုင်​ ၁၁ရက်​ ညပိုင်းက ခိုးယူခံခဲ့ရတာဖြစ်​ပြီး ခိုးယူသူဟာ စည်ပင်ဧည့်ရိပ်သာအတွင်းမှာပဲ ​နေထိုင်​​နေတဲ့ ​ပြည်​​ထောင်​စုနယ်​​မြေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်​ဦးရဲ့ ချွေးမဖြစ်သူက ခိုးယူခဲ့တာ ဖြစ်​တယ်​လို့ သိရပါတယ်​။     ” ရေချိုးဖို့ လက်ဝတ်လက်စားတွေပါတဲ့ ဗူးကို အိတ်ထဲထည့် ရေချိုးနေတုန်း ပြူတင်းတံခါးကို ကလန့်ပြီး အခန်းထဲ ကုတင်ပေါ်က ဆလင်းဘက်အိတ်ကိုဆွဲယူ ရွှေဘူးကိုနှိုက်ယူတယ်ပေါ့ ။ပြီးတော့ အိတ်ကိုပြန်ထားတဲ့အချိန်မှာ အမျိုးသမီးက…

Read More
VOM News

FREE
VIEW