မန္တလေးမြို့၊မဟာအောင်မြေမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ဦးဆောင်ပြီး တပ်မတော်ကိုထောက်ခံခြင်း နှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်ခြင်း ဆန္ဒထုတ်ဖော်ပွဲကို စက်တင်ဘာ(၁၆)ရက်၊နံနက်(၉)နာရီက မနော်ရမ္မံပြည်သူ့ဟစ်တိုင်ကွင်းရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ “ပြောချင်တာကတော့ အချက်နှစ်ချက်ပဲ တပ်မတော်က နိုင်ငံတော်ရဲ့တာဝန်တွေကို ဥပဒေနဲ့အညီဆောင်ရွက်နေတာဖြစ်တယ်အတွက် တပ်မတော်ကိုထောက်ခံတယ်ဆိုတာ အားလုံးသိအောင် ပြောချင်တာက ပထမအချက် ၊ဒုတိယအချက်ကတော့ ပြင်ပက၊ နိုင်ငံတော်ရဲ့အချုပ်အချာ အာဏာကို မတရားဝင်ရောက်စွက်ဖက်တဲ့ လုပ်ရပ်တွေကို ကန့်ကွက် ရှုတ်ချ ဆန့်ကျင်တဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ် ” လို့ မဟာအောင်မြေမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဌ ဦးဝင်းဖေ(ဗိုလ်ကြီး\ငြိမ်းစား) မှ ပြောပါတယ်။ အဆိုပါ ထောက်ခံပွဲတွေကို စက်တင်ဘာ(၁၃)ရက်နေ့က ချမ်းအေးသာစံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ပထမအကြိမ် ပြုလုပ်ခဲ့ပြီး စက်တင်ဘာ(၁၅)နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ပြုလုပ်ခဲ့ပါသေးတယ်။ မဟာအောင်မြေမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ကတော့ ဒီနေ့မှာ သုံးကြိမ်မြောက်အဖြစ် တပ်မတော်ထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။
Read More