ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို အင်းတော်တွင် ထွင်းနေ

အင်းတော်၊ အောက်တိုဘာ ၂၂၊ ၂၀၁၈ နိုင်ကြီး(ကသာ)   ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်လို့ရနိုင်မယ့် မြန်မာ့ရိုးရာ စည်တော်ကြီးတလုံးကို စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် လက်ပံကုန်းရွာမှာ ထွင်းထုနေပါတယ်။ ဒီစည်တော်ကြီးကို အင်းတော်ဒေသက ‘ဆရာပွဲ’ မြန်မာ့တူရိယာအမျိုးမျိုးလုပ်ငန်းက ဦးကျော်ညွန့်နဲ့ သားတပည့်တွေက ထွင်းထုနေကြတာပဲဖြစ်ပါတယ်။ ကုက္ကိုသားနဲ့ ထွင်းထုနေတဲ့ အဲ့ဒီ စည်တော်ကြီးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စတင်ထွင်းထုနေတာဖြစ်ပြီး၊ ၈၀ ရာနှုန်းပြီးနေပြီ လို့လည်း သိရပါတယ်။ အရှည် ၁၀ ပေ ရှစ်လက်မ၊ လုံးပတ် ၆၃ ပေ၊ မျက်နှာဝအကျယ် ၅ပေ ၄လက်မရှိပြီး သစ်လုံး တလုံးတည်းကနေ ထွင်းထုထားတဲ့ ဒီစည်တော်ကြီးရဲ့ မျက်နှာပြင် နှစ်ဖက်ကို ကြပ်ဖို့ နွားသားရေရရှိရေး အခက်အခဲ ဖြစ်နေလို့ အပြီးသတ်ဖို့ ကြန့်ကြာနေတယ်လို့လည်း စည်ထွင်းသူတွေက ဆိုပါတယ်။ မြန်မာမှု အနုလက်ရာတွေကို…

Read More

မုံရွာမြို့  ချင်းတွင်းမြစ်အတွင်း အမျိုးသားအလောင်းတွေ့ရှိ

မုံရွာ၊ အောက်တိုဘာ ၂၂၊ ၂၀၁၈ အောင်နေမျိုး၊ ဗျဂ္ဃ   ချင်းတွင်းမြစ်အတွင်း ဒီနေ့နေ့လည်ပိုင်းမှာ လူသေအလောင်းတလောင်း မုံရွာမြို့ ဇက်ကူးတို့ဆိပ်အနီးမှာ မျောနေတယ်လို့ သတင်းရတဲ့အတွက် မုံရွာခရိုင်က မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေဟာ ရှာဖွေကယ်ဆယ်ရေး ယာဉ်တွေနဲ့ လိုက်လံဆယ်ယူခဲ့ပါတယ်။ “မီးသတ်က ဆယ်လာတာ။ ဇက် ကူးတို့ဆိပ်နားမှာ။ အသက် ၂၆ လောက်တော့ရှိမယ်။ အမျိုးသားအလောင်း။ တက်တူးတွေလည်းပါတယ်။ အဝတ်အစားတွေလည်းပါတယ်။ ကိုယ်တို့ ရာသက်ပန်လူမှုကူညီရေးအသင်းက သွားပြီး ကူညီသယ်ပေးခဲ့တယ်။ အသင်းမှာက Dead Body တင်တဲ့ကားမရှိလို့ ရုံးကြီးလူငယ်ကကားနဲ့ ဆေးရုံကြီးကို ပို့ပေးခဲ့တယ်။ ကြားတာတော့ ဟိုတလောက ပျောက်နေတဲ့သူလို့ သိရတယ်။”လို့ ရာသက်ပန်လူမှုကူညီရေးအသင်းမှ ဦးသော်တာက ပြောပါတယ်။ သေဆုံးသူက အောက်တိုဘာ ၁၃ ရက်နေ့ နေ့လည်ပိုင်းက ကျောက်ဆောင်ဆိပ်အနီး ရေဆင်းချိုးရာကနေ ပြန်ပေါ်မလာဘဲ ပျောက်ဆုံးနေတဲ့ မုံရွာတောင်ရပ်ကွက်နေ မောင်လင်းထက်အောင် (အသက်…

Read More
VOM News

FREE
VIEW