မိုးကုတ် နိုဝင်ဘာ ၂ ၊ ၂၀၁၈
ဟိန်းကို(VOM)
မန္တလေးတိုင်း မိုးကုတ်မြို့မှာရှိတဲ့ လီဆူတိုင်းရင်းသားလူငယ်တွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေများနေတာရယ်၊ အလုပ်ကိုင်အခွင့်အလမ်း နဲ့ စီးပွားရေး လုပ်ကိုင်မှုတွေ နောက်ကျနေတာရယ်၊ အစိုးရ၀န်ထမ်း လုပ်ကိုင်လာသူ နည်းပါးလာမှုတွေကို ယနေ့ နိုဝင်ဘာ(၂)ရက်နေ့ မိုးကုတ်မြို့မှာ ပြုလုပ်တဲ့ ပထမအကြိမ် လီဆူလူငယ်ညီလာခံ မှာ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင် ဦးချွမ်ရဲအောင် က ပြောပါတယ်။
အဲဒီ ညီလာခံက ထွက်ရှိမယ့် ရလာဒ်တွေကို ဒီဇင်ဘာလအတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပပြုလုပ်မယ့် နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားညီလာခံကို တင်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။