ပထမဆုံးအကြိမ် လီဆူလူငယ်ညီလာခံမှာ လူငယ်နဲ့ မူးယစ်ဆေးကိစ္စဆွေးနွေး

မိုးကုတ် နိုဝင်ဘာ ၂  ၊ ၂၀၁၈ ဟိန်းကို(VOM) မန္တ​လေးတိုင်း​ မိုးကုတ်​မြို့မှာရှိတဲ့ လီဆူတိုင်းရင်းသားလူငယ်​​တွေမှာ မူးယစ်​​ဆေးဝါး သုံးစွဲမှု​တွေများ​နေတာရယ်​၊ အလုပ်​ကိုင်​အခွင့်​အလမ်း နဲ့ စီးပွား​ရေး လုပ်​ကိုင်​မှု​တွေ ​နောက်​ကျ​နေတာရယ်​၊ အစိုးရ၀န်​ထမ်း လုပ်​ကိုင်​လာသူ နည်းပါးလာမှု​တွေ​ကို ယ​နေ့ ​နိုဝင်​ဘာ(၂)ရက်​​နေ့ မိုးကုတ်​မြို့မှာ ပြုလုပ်​တဲ့ ပထမအကြိမ်​ လီဆူလူငယ်​ညီလာခံ မှာ ​ထည့်​သွင်း​ဆွေး​နွေးခဲ့တယ်​လို့ မြန်​မာနိုင်​ငံလုံးဆိုင်​ရာ လူငယ်​ညီလာခံဖြစ်​​မြောက်​​ရေး ​ကော်​မတီဝင်​ ဦးချွမ်​ရဲ​အောင်​ က ​​ပြောပါတယ်​။ အဲဒီ ညီလာခံက ထွက်​ရှိမယ့် ရလာဒ်တွေကို ဒီဇင်​ဘာလအတွင်း ကချင်​ပြည်​နယ်​ မြစ်​ကြီးနားမြို့မှာ ကျင်းပပြုလုပ်မယ့်​ နိုင်​ငံလုံးဆိုင်​ရာ တိုင်းရင်းသားညီလာခံကို တင်​ပြသွားမှာဖြစ်​တယ်​လို့ သိရပါတယ်​။

Read More

အချစ်တခုနဲ့ ဘဝလမ်းတူတူလျှောက်ကြတော့မယ့် ရွှေထူးနဲ့ ရွှေမှုံရတီ

Glory (VOM) ပရိသတ်စိတ်ဝင်စားနေတဲ့ အကြောင်းအရာကတော့ မကြာမီလက်ထပ်တော့မယ်လို့ အသိပေးလိုက်တဲ့ အဆိုတော်ရွှေထူးနဲ့ ရွှေမှုံရတီတို့ နှစ်ဦးရဲ့မင်္ဂလာပွဲသတင်းပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးက ချစ်သူဖြစ်ပြီး မကြာခင်မှာပဲ လက်ထပ်တော့မယ်လို့ ပရိသတ်ကို အသိပေးပြောဆိုလိုက်တဲ့အခါမှာ နှစ်ဦးစလုံးရဲ့ ပရိသတ်တွေက အံ့သြသင့်ခဲ့ရတာ ဖြစ်ပါတယ်။ မင်္ဂလာပွဲနေ့ကို လာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ ဧည့်သည်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူရိုက်ကူးရင် ဆုံစည်းခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာလည်း ဒီနှစ် ဇွန်လပိုင်းလောက်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ချစ်သူတွေဖြစ်ပြီလို့ ပရိသတ်ကို အတိအလင်းကြေညာခဲ့ကြပါတယ်။ ရွှေထူးကတော့ လက်ရှိမှာအသက် ၂၇နှစ်ရှိပြီဖြစ်ပြီး ဂီတလောကမှာ လူငယ်ပရိသတ်များစွာရဲ့ လက်ခံအားပေးမှုကို ရရှိထားတဲ့ အဆိုတော်တဦးဖြစ်ပြီး ရွှေမှုံရတီက အသက် ၂၀ရှိပြီဖြစ်ကာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတဦးလည်းဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးစလုံးက…

Read More

မိုးကုတ်​မြို့မှာ ပထမဦးဆုံးအကြိမ်​ လီဆူလူငယ်​ညီလာခံကျင်းပ

မိုးကုတ် နိုဝင်ဘာ ၂ ၊ ၂၀၁၈ ဟိန်းကို(VOM) မန္တ​လေးတိုင်း​ဒေသကြီး၊ မိုးကုတ်​မြို့ အ​နောက်​ပိုင်းက သိနာ​တောင်​ လီဆူနှစ်​ချင်းခရစ်​ယာန်​ ဘုရား​ကျောင်းမှာ ယ​နေ့၊​နိုဝင်​ဘာ(၂)ရက်​​နေ့ နံနက်​(၉)နာရီကစပြီး ပထမအကြိမ်​ မန္တ​လေးတိုင်း​ဒေသကြီး လီဆူလူငယ်​ညီလာခံ ကို ကျင်း​ပ​နေပါတယ်​။ ညီလာခံကို နိုဝင်​ဘာ(၂)ရက်​​နေ့ နဲ့ နိုဝင်​ဘာ(၃)ရက်​ နှစ်​ရက်​တာကျင်းပသွားမှာ ဖြစ်​ပါတယ်​။                                                  

Read More
VOM News

FREE
VIEW