တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ခိုလှုံခွင့်မပေးတော့ဟု အမေရိကန်အစိုးရထုတ်ပြန်

ဝါရှင်တန်၊နိုဝင်ဘာ-၉

မျိုးဆက်

မက္ကဆီကိုနိုင်ငံကိုဖြတ်သန်းပြီး အမေရိကန်တောင်ပိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာနေတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ခိုလှုံခွင့်ပေးမှာမဟုတ်ဘူးလို့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမေရိကန် အစိုးရက နိုဝင်ဘာ ၈ ရက်မှာကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်တရားရေးနဲ့  ပြည်တွင်းလုံခြုံရေးဌာနတွေကကြေညာလိုက်တဲ့ အဆိုပါအမိန့်ထုတ်ပြန်ချက်ဟာ အခိုလှုံခွင့်တောင်းခံသူမှန်သမျှကို ရပ်တန့်စေမှာဖြစ်ပြီး  သမ္မတဟာ  အမျိုးသားအကျိုးစီးပွားအတွက် ရွေှ့ပြောင်းနေထိုင်သူတွေ ၀င်ရောက်ခြင်းကို  ရပ်တန့်နိုင်ဖို့ မည်သည့်ကန့်သတ်ချက်ကိုမဆို လုပ်ဆောင်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သမ္မတထရန့်ရဲ့ ၂၀၁၈ခုနှစ် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးလှုပ်ရှားမှုတွေမှာ ရွှေ့ပြောင်း နေထိုင်သူများ အရေးဟာ အဓိကအာရုံစိုက်ခံရတဲ့ ကိစ္စတစ်ရပ်လည်းဖြစ်ပါတယ်။

ထောင်ပေါင်းများစွာသော  ဗဟိုအမေရိက ရွှေ့ပြောင်း နေထိုင်သူတွေရဲ့  ယာဉ်တန်းဟာ အမေရိကန်နယ်စပ်ကို ဦးတည်လာနေပြီး ဒီလိုလာရောက်မှုကို ကျူးကျော်ခြင်းအဖြစ် ဒေါ်နယ်ထရန့်က ကြေညာခဲ့ပြီး  နယ်စပ်တစ်လျှောက် တပ်ဖွဲ့ဝင်တွေကို စေလွှတ်ထားပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသား ဥပဒေအောက်မှာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်ဆိုရင် မည်သည့်ကန့်သတ်ချက်မျိုးကိုမဆိုချမှတ်နိုင်သလို နိုင်ငံအတွင်း ၀င်ရောက်တာတွေကိုလည်း ဆိုင်းငံ့ထားနိုင်တဲ့ အခွင့်အာဏာ သမ္မတမှာရှိတယ်လို့ ထုတ်ပြန်လိုက်တဲ့အမိန့်မှာ ဖော်ပြထားပါတယ်။

ကိုးကား – BBC

Photo- AFP

 

Related posts

✕
VOM News

FREE
VIEW