တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ခိုလှုံခွင့်မပေးတော့ဟု အမေရိကန်အစိုးရထုတ်ပြန်

ဝါရှင်တန်၊နိုဝင်ဘာ-၉ မျိုးဆက် မက္ကဆီကိုနိုင်ငံကိုဖြတ်သန်းပြီး အမေရိကန်တောင်ပိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာနေတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ခိုလှုံခွင့်ပေးမှာမဟုတ်ဘူးလို့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမေရိကန် အစိုးရက နိုဝင်ဘာ ၈ ရက်မှာကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်တရားရေးနဲ့  ပြည်တွင်းလုံခြုံရေးဌာနတွေကကြေညာလိုက်တဲ့ အဆိုပါအမိန့်ထုတ်ပြန်ချက်ဟာ အခိုလှုံခွင့်တောင်းခံသူမှန်သမျှကို ရပ်တန့်စေမှာဖြစ်ပြီး  သမ္မတဟာ  အမျိုးသားအကျိုးစီးပွားအတွက် ရွေှ့ပြောင်းနေထိုင်သူတွေ ၀င်ရောက်ခြင်းကို  ရပ်တန့်နိုင်ဖို့ မည်သည့်ကန့်သတ်ချက်ကိုမဆို လုပ်ဆောင်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ သမ္မတထရန့်ရဲ့ ၂၀၁၈ခုနှစ် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးလှုပ်ရှားမှုတွေမှာ ရွှေ့ပြောင်း နေထိုင်သူများ အရေးဟာ အဓိကအာရုံစိုက်ခံရတဲ့ ကိစ္စတစ်ရပ်လည်းဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော  ဗဟိုအမေရိက ရွှေ့ပြောင်း နေထိုင်သူတွေရဲ့  ယာဉ်တန်းဟာ အမေရိကန်နယ်စပ်ကို ဦးတည်လာနေပြီး ဒီလိုလာရောက်မှုကို ကျူးကျော်ခြင်းအဖြစ် ဒေါ်နယ်ထရန့်က ကြေညာခဲ့ပြီး  နယ်စပ်တစ်လျှောက် တပ်ဖွဲ့ဝင်တွေကို စေလွှတ်ထားပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသား ဥပဒေအောက်မှာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်ဆိုရင် မည်သည့်ကန့်သတ်ချက်မျိုးကိုမဆိုချမှတ်နိုင်သလို နိုင်ငံအတွင်း ၀င်ရောက်တာတွေကိုလည်း…

Read More

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီအချို့ မလေးရှားသို့ လှေဖြင့်သွားဖို့ ကြိုးစားနေ

ကော့ဘဇား၊ နိုဝင်ဘာ-၉ မျိုးဆက် နိုဝင်ဘာ လလယ်မှာ ဘင်္ဂါလီတွေကိုမြန်မာဘက်က စတင်လက်ခံတဲ့ အစီအစဉ်မစတင်မီ ဘင်္ဂလားဒေ့ရှ်ရှိ ကော့ဘဇားမှာ ခိုလှုံနေတဲ့ ဘင်္ဂါလီအချို့ဟာ မလေးရှားနိုင်ငံကိုလှေနဲ့ သွားရောက်ဖို့ ကြိုးစားနေ တာတွေရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက နိုဝင်ဘာ- ၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။ မလေးရှားနိုင်ငံကို လှေနဲ့ ဦးတည်သွားရောက်နေတဲ့ ဘင်္ဂါလီ အယောက် ၅၀ နီးပါးကို ဘင်္ဂလားဒေ့ရှ်က  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဟန့်တားခဲ့ကြနောက် ၎င်းတို့ကို အခကြေးငွေယူပြီး ပို့ဆောင်ပေးခဲ့တယ်လို့ သံသယရှိသူ ခြောက်ဦးကိုလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေကြပါတယ်။ ကလေးငယ် ကိုးဦးအပါအ၀င် ဒုက္ခသည် ၃၃ ဦးကို စိန့်မာတင်ကျွန်းအနီးက ငါးဖမ်းလှေပေါ်မှ ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ဘင်္ဂါလီ ၁၄ ဦးကိုတော့ ရှာရှ်ပိုရီကျွန်းကနေ ကယ်တင်နိုင်လိုက်တယ်လို့ လုံခြုံရေးတပ်ဖွဲ့ အရာရှိ ပရာဒစ် ကူးမားဒက်က ပြောပါတယ်။ လူဦးရေထူထပ်တဲ့ ဒုက္ခသည်စခန်း ပြင်ပမှာ…

Read More

ကမ္ဘာ့ပထမဆုံး ဥာဏ်ရည်တု နည်းပညာသုံး သတင်းတင်ဆက်သူ ဖန်တီး

ပေကျင်း၊ နိုဝင်ဘာ-၉ ။ ၂၀၁၈ မျိုးဆက် (Voice Of Myanmar) ဥာဏ်ရည်တုနည်းပညာကို အသုံးပြုပြီး သတင်းဖတ်ကြားတင်ဆက်ပေးနိုင်တဲ့ ပုံရိပ်ယောင် သတင်းကြေညာ သူနှစ်ဦးကို ကမ္ဘာ့မှာ ပထမဆုံးအဖြစ် တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖန်တီးလိုက်ပါတယ်။ အဆိုပါသတင်းကြေညာသူနှစ်ဦးအနက် တစ်ဦးကတော့ အင်္ဂလိပ်ဘာသာနဲ့ ကြေညာနိုင်ပြီး ကျန်တစ်ဦးမှာ တရုတ်ဘာသာ စကားတို့နဲ့ သတင်းကြေညာနိုင်မှာဖြစ်ကာ ဥာဏ်ရည်တုနည်းပညာနဲ့အတူ လူသား အစီအစဉ်တင်ဆက်သူတစ်ဦးလိုပင် ရုပ်ပုံနှင့် အသံတို့ကို ပေါင်းစပ်ဖန်တီးထားပါတယ်။ ဒီနည်းပညာကိုတော့ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်မှာ ကျင်းပနေတဲ့ ငါးကြိမ်မြောက် ကမ္ဘာ့အင်တာနက် ညီလာခံမှာ ကမ္ဘာ့ပထမဆုံး အသိဉာဏ်တု သတင်းကြေညာသူ “He” ကို ပွဲထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ဥာဏ်ရည်တုနည်းပညာသုံး သတင်းတင်ဆက်သူဟာ ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ပြောဆိုလိုက်ပြီး He လို့ အမည်ပေးထားတဲ့ သတင်းတင်ဆက်သူကို သတင်းအဖွဲ့မှာ ပုံမှန်အဖွဲ့ဝင်တစ်ဦးအဖြစ်…

Read More

ကျပ်သိန်းတစ်ထောင်ကျော်ဖိုး မူးယစ်ဆေးတွေ အင်းတော်မှာ ဖမ်းမိ

အင်းတော် ၊ နိုဝင်ဘာ (၉)ရက် ၊ ၂၀၁၈ ။ နိုင်ကြီး (ကသာ) စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် မန္တလေး – မြစ်ကြီးနား ကားလမ်းမမှာ နိုဝင်ဘာ(၈)ရက်နေ့ည (၁၀း၀၀)အချိန့်ခန့် က ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး တစ်ဦးကို မသင်္ကာလို့ ရပ်တန့်စစ်ဆေးတာမှာ မူးယစ်ဆေးဝါး (ဘိန်းဖြူ) ကာလတန်ဘိုး ကျပ်သိန်း တစ်ထောင်ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ် ။ ကသာခရိုင် အင်းတော်မြို့နယ် နဘားကျေးရွာအနီး မန္တလေး – မြစ်ကြီးနား ကာလမ်းမမှာ မူးယစ်တပ်ဖွဲ့စု(၆) တာဝန်ရှိသူတွေက ကသာမြို့ဘက်မှ ကချင်ပြည်နယ်ဘက် သို့ (KENBO – 125)ဆိုင်ကယ် စီးလာသူ မအေးမြတ်မိုး (ခ) မအေးအေး ကျွန်းလှမြို့နယ် ငှက်ကြီးသိုက်ကျေးရွာ နေထိုင်သူကို ရပ်တန့်စစ်ဆေးခဲ့ပါတယ်။ အဲလိုစစ်ဆေးတော့ မအေးမြတ်မိုးရဲ့ ဆိုင်ကယ်ထိုင်ခုံနောက်မှာပါတဲ့ ပီနံအိတ်ထဲကနေ Love is…

Read More

ရွှေ နှစ် ရွှေ ရဲ့ မင်္ဂလာဆွမ်းကပ်လှူပွဲ

မှော်ဘီ နိုဝင်ဘာ၉ ၊ ၂၀၁၈ သင်းသဒ္ဒါ အဆိုတော် ရွှေထူးနှင့် သရုပ်ဆောင် ရွှေမှုံရတီတို့၏ မင်္ဂလာဆွမ်းေ​ကျွးအလှူ မင်္ဂလာပွဲအခမ်းအနားကို​ နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီက မှော်​ဘီမြို့နယ်ရှိ​ အောင်​ဇမ္ဗူတောရ​ကျောင်းတိုက်​၌ ပြုလုပ်​ခဲ့ပါတယ် ရွှေထူးနှင့်  ရွှေမှုံရတီ တို့က  အောက်တိုဘာ ၂၉ ရက်တွင် နေပြည်တော်ရှိတဲ့ Novotel Hotel မှာလက်မှတ်ထိုးခဲ့ကြပြီးတော့  နိုဝင်ဘာ ၁၁ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌  ညစာစား ပွဲကျင်းပသွားမှာဖြစ်ပါတယ် #voiceofmyanmar #ရွှေမှုံရတီနဲ့ရွှေထူးမင်္ဂလာဆွမ်းကျွေး                                      …

Read More
VOM News

FREE
VIEW