ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီအချို့ မလေးရှားသို့ လှေဖြင့်သွားဖို့ ကြိုးစားနေ

ကော့ဘဇား၊ နိုဝင်ဘာ-၉

မျိုးဆက်

နိုဝင်ဘာ လလယ်မှာ ဘင်္ဂါလီတွေကိုမြန်မာဘက်က စတင်လက်ခံတဲ့ အစီအစဉ်မစတင်မီ ဘင်္ဂလားဒေ့ရှ်ရှိ ကော့ဘဇားမှာ ခိုလှုံနေတဲ့ ဘင်္ဂါလီအချို့ဟာ မလေးရှားနိုင်ငံကိုလှေနဲ့ သွားရောက်ဖို့ ကြိုးစားနေ တာတွေရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက နိုဝင်ဘာ- ၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံကို လှေနဲ့ ဦးတည်သွားရောက်နေတဲ့ ဘင်္ဂါလီ အယောက် ၅၀ နီးပါးကို ဘင်္ဂလားဒေ့ရှ်က  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဟန့်တားခဲ့ကြနောက် ၎င်းတို့ကို အခကြေးငွေယူပြီး ပို့ဆောင်ပေးခဲ့တယ်လို့ သံသယရှိသူ ခြောက်ဦးကိုလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေကြပါတယ်။

ကလေးငယ် ကိုးဦးအပါအ၀င် ဒုက္ခသည် ၃၃ ဦးကို စိန့်မာတင်ကျွန်းအနီးက ငါးဖမ်းလှေပေါ်မှ ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ဘင်္ဂါလီ ၁၄ ဦးကိုတော့ ရှာရှ်ပိုရီကျွန်းကနေ ကယ်တင်နိုင်လိုက်တယ်လို့ လုံခြုံရေးတပ်ဖွဲ့ အရာရှိ ပရာဒစ် ကူးမားဒက်က ပြောပါတယ်။

လူဦးရေထူထပ်တဲ့ ဒုက္ခသည်စခန်း ပြင်ပမှာ စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် ဘင်္ဂါလီတွေအကြားမှာ ရေပန်းစားလမ်းကြောင်းတစ်ခုဖြစ်တဲ့ လှေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ဒုက္ခသည်တွေအများအပြား သွားရောက်နိုင်ခြေရှိတာတွေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို နိုဝင်ဘာ လလယ်မှာ ပြန်လည်လက်ခံဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ သဘောတူထားကြပြီး ပထမအသုတ်အဖြစ် ဘင်္ဂါလီ နှစ်ထောင်ကျော်ကို စတင်လက်ခံသွားမှာဖြစ်ပါတယ်။

ကိုးကား – Daily Mail / Reuter

Photo- Japan Time

 

Related posts

Leave a Comment

VOM News

FREE
VIEW