ကျပ်သိန်းတစ်ထောင်ကျော်ဖိုး မူးယစ်ဆေးတွေ အင်းတော်မှာ ဖမ်းမိ

အင်းတော် ၊ နိုဝင်ဘာ (၉)ရက် ၊ ၂၀၁၈ ။
နိုင်ကြီး (ကသာ)

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် မန္တလေး – မြစ်ကြီးနား ကားလမ်းမမှာ နိုဝင်ဘာ(၈)ရက်နေ့ည (၁၀း၀၀)အချိန့်ခန့် က ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး တစ်ဦးကို မသင်္ကာလို့ ရပ်တန့်စစ်ဆေးတာမှာ မူးယစ်ဆေးဝါး (ဘိန်းဖြူ) ကာလတန်ဘိုး ကျပ်သိန်း တစ်ထောင်ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ် ။

ကသာခရိုင် အင်းတော်မြို့နယ် နဘားကျေးရွာအနီး မန္တလေး – မြစ်ကြီးနား ကာလမ်းမမှာ မူးယစ်တပ်ဖွဲ့စု(၆) တာဝန်ရှိသူတွေက ကသာမြို့ဘက်မှ ကချင်ပြည်နယ်ဘက် သို့ (KENBO – 125)ဆိုင်ကယ် စီးလာသူ မအေးမြတ်မိုး (ခ) မအေးအေး ကျွန်းလှမြို့နယ် ငှက်ကြီးသိုက်ကျေးရွာ နေထိုင်သူကို ရပ်တန့်စစ်ဆေးခဲ့ပါတယ်။ အဲလိုစစ်ဆေးတော့ မအေးမြတ်မိုးရဲ့ ဆိုင်ကယ်ထိုင်ခုံနောက်မှာပါတဲ့ ပီနံအိတ်ထဲကနေ Love is flower စာတန်းပါ ရောင်စုံဆပ်ပြာခွက်တွေထဲက ဘိန်းဖြူပါတဲ့ဆပ်ပြာခွက် (၁၁၀)ခွက် စုစုပေါင်း ဘိန်းဖြူအလေးချိန် (၁၁၀၀)ဂရမ် စုစုပေါင်း ကာလတန်ဘိုး ကျပ် သိန်း တစ်ထောင့်တစ်ရာ ခန့် ကို တွေ့ရှိ ဖမ်းဆီးရမိ ခဲ့ပါတယ် ။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ အေးမြတ်မြတ်မိုး (ခ) မအေးအေး အသက်(၂၆)နှစ် ကျွန်းလှမြို့နယ် ကုက္ကိုင်းကျေးရွာအုပ်စု ငှက်ကြီးသိုက်ကျေးရွာ နေထိုင်သူ ကို အင်းတော်မြို့မရဲစခန်းက မယ(ပ)၁၂၃/၂၀၁၈ ၊ မူး/စိတ် ပုဒ်မ – ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ် ။

#voiceofmyanamr #အင်းတော် #မူးယစ်ဆေးသတင်း

Related posts

✕
VOM News

FREE
VIEW