ဝါရှင်တန်၊ ဒီဇင်ဘာ-၁- ၂၀၁၈
မျိုးဆက် (VOM)
အမေရိကန် သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ဂျော့ခ်ျအိပ်ခ်ျဒဗလျူဘုရှ်ဟာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားတယ်လို့ ၎င်းရဲ့ မိသားစုက ဒီဇင်ဘာ ၁ ရက်မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
စီနီယာဂျော့ခ်ျဘုရှ်လို့ လူသိများတဲ့ ဂျော့ခ်ျအိပ်ခ်ျဒဗလျူဘုရှ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၁ ဦးမြောက် သမ္မတဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက် ညပိုင်းမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။
ဧပြီလအတွင်းက ဇနီးဖြစ်သူ ဘာဘရာသေဆုံးပြီး တစ်ပတ်အကြာမှာ စီနီယာဘုရှ်လည်း ကူးစက် ရောဂါတစ်မျိုးကြောင့် ဆေးရုံအထူးကြပ်မတ်ဆောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခဲ့ရပါတယ်။ ၎င်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၃ ဦးမြောက် သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်ရဲ့ဖခင်လည်းဖြစ်ပါတယ်။
၎င်းဟာ အမေရိကန် သမ္မတ ရော်နယ်ရေဂင်လက်ထက်မှာ ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ခု တာဝန်ထမ်းဆောင်ပြီးနောက် ၁၉၈၉ မှ ၁၉၉၃ ခုနှစ်အထိ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်တစ်ဦးအဖြစ် ၁၉၆၄ ခုနှစ်တွင် နိုင်ငံရေးလောကထဲကို မ၀င်ရောက်မီက ဒုတိယကမ္ဘာစစ် လေယာဉ်မှူးတစ်ဦးနဲ့ တက္ကဆက်ပြည်နယ် ရေနံသူဌေးကြီးတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ) မှာ ညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
Ref : BBC/CNA Photo AFP
#voiceofmyanmar #ဂျော့ခ်ျဘုရှ်ကွယ်လွန်