တေးသံရှင်​ဆင့်မေဖူး က မြူရှင် အမည်နဲ့ ဒုတိယမြောက် တေးစီးရီးမိတ်ဆက်

မန္တလေး ဒီဇင်ဘာ ၃-၂၀၁၈

ဟိန်းကို(VOM)

လူငယ်​ကြိုက်​သီချင်း​တွေ ပါဝင်​သီဆိုထားတဲ့ ​တေးသံရှင်​ မြူရှင်​(ခ) ဆင့်​​မေဖူး ရဲ့ `နင့်​ နဲ့ မှ ´​တေးစီးရီးမိတ်​ဆက်​ပွဲ ကို ဒီဇင်​ဘာ(၂)ရက်​​နေ့ ညပိုင်းက မန္တ​လေးမြို့ မင်္ဂလာမန္တ​လေးက ပရိုမိုးရှင်းဧရိယာမှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။

” ၂၀၁၄ ခုနှစ်​​က ဆင့်​​မေဖူး နာမည်​နဲ့ `မ​ငေးနဲ့´​တေးစီးရီးကို ပထမဦးဆုံးထုတ်​ခဲ့ပါတယ်​ ခုဟာက ဒုတိယ​မြောက်​ ​တေးစီးရီး ဖြစ်​ပါတယ်​၊ နာမည်​​ပြောင်းဖြစ်​ခဲ့တာက ပထမနာမည်​ ဆင့်​​မေဖူး က ထင်​သ​လောက်​ခရီးမ​ရောက်​ခဲ့ဘူး မြူရှင် ဆိုတဲ့နာမည်​​လေးက လူသိလည်း လွယ်​တဲ့အတွက်​​ပြောင်းဖြစ်​ခဲ့တာပါ ” လို့  ​တေးသံရှင်​ မြူ ရှင်​(ခ) ဆင့်​​မေဖူး က ​ပြောပါတယ်​။

တေးစီးရီးမိတ်​ဆက်​ပွဲမှာ ​​တေးသံရှင်​ မြူရှင်​(ခ) ဆင့်​​မေဖူး နဲ့ အဆို​တော်​ သာဒီးလူး အပါအ၀င်​ အခြား​သော အနုပညာရှင်​များက အမှတ်​တရ လက်​မှတ်​ထိုး​ပေးခဲ့ပြီး အမှတ်​တရအင်္ကျီများ ​လက်​​ဆောင်​​ပေးခဲ့ပါတယ်​။

Related posts

Leave a Comment

VOM News

FREE
VIEW